ကမ္ဘာလုံးဆိုင်ရာမြန်မာ့နွေဦးတော်လှန်ရေးဆန္ဒပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ ဇွန်လ ၂၂ ရက် ဒီကနေ့ ကျင်းပပါတယ်။
နိုင်ငံပေါင်း ၂၅ နိုင်ငံ၊ မြို့ပေါင်း ၄၈ မြို့မှာ နိုင်ငံတကာစုပေါင်းလှုပ်ရှားအဖြစ် အကြမ်းဖက်စစ်ကောင်စီ ဆန့်ကျင်ရေး မြန်မာ့နွေဦးတော်လှန်ရေးဆန္ဒပြပွဲနဲ့ G7 နိုင်ငံတွေကို တောင်းဆိုတဲ့ ကမ္ဘာလုံးဆိုင်ရာ ဆန္ဒပြပွဲကြီးအဖြစ် ဇွန် ၁၂ ရက်နဲ့ ၁၃ ရက်ကို သတ်မှတ်ကျင်းပကြရာမှာ ဂျပန်နိုင်ငံမှာလည်း ဒီနေ့ ကျင်းပတာဖြစ်ပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာ နွေဦးတော်လှန်ရေးအတွင်း ကျဆုံးခဲ့သူ ဒီမိုကရေစီသူရဲကောင်းတွေအတွက် ဆုတောင်းမေတ္တာပို့ခဲ့ပြီး ဂျပန်အထက်လွှတ်တော်အမတ် မီချိဟီရိုအီချီဟာရှီကလည်း တက်ရောက် အမှာစကားပြောသွားပါတယ်။