Home
မြန်မာသတင်း
MAI လေကြောင်းလိုင်းက ရန်ကုန်-ဘန်ကောက် အထူးကယ်ဆယ်ရေးလေယာဉ်ပြေးဆွဲမည်
DVB
·
April 11, 2021
169145506_2061257867349395_868325282156664347_n

မြန်မာအဲဝေးစ်အင်တာနေရှင်နယ်လေကြောင်းလိုင်း(MAI)က ရန်ကုန်-ဘန် ကောက် အထူးလေကြောင်းခရီးစဉ်ကို ပျံသန်းပြေးဆွဲသွားမယ်လို့ သိရပါတယ်။

ဒီလေကြောင်းခရီးစဉ်တွေကိုတော့ လာမယ့် ဧပြီ ၁၇ ရက်နဲ့ ၂၄ ရက်နေ့တွေမှာ အထူးကယ်ဆယ်ရေးလေယာဉ်အနေနဲ့ ပျံသန်းပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။

စီးနင်းလိုက်ပါလိုတဲ့ ခရီးသည်တွေအနေနဲ့ ခရီးစဉ်တကြောင်းစာ Economy Class အတွက် အမေရိကန်ဒေါ်လာ ၁၅၀၊ Business Class အတွက် အမေရိကန်ဒေါ်လာ ၃၂၀ သတ်မှတ်ထားပါတယ်။

ထိုင်းနိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်အထောက်အထားလက်မှတ်၊ ထိုင်းနိုင်ငံသားမဟုတ်တွေအတွက် ပြည်ဝင်ခွင့်အထောက်အထားလက်မှတ်အပြင် ကိုဗစ် -၁၉ ရောဂါကင်းရှင်းကြောင်း ၇၂ နာရီအတွင်း ဆေးစစ်ချက်လက်မှတ်၊ ခရီးသွားကျန်းမာရေးအာမခံ အနည်းဆုံးအမေရိကန်‌ဒေါ်လာ ၁ သိန်းတန် ပြသရမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။

ခရီးစဉ်လက်မှတ်တွေကိုတော့ သက်ဆိုင်ရာ လက်မှတ်အရောင်းကိုယ်စားလှယ်တွေ အပါအဝင် MAI ရဲ့ Website နဲ့ Mobile App တို့ကတဆင့်လည်း ကိုယ်တိုင်ဝယ်ယူနိုင်ပြီး လိုအပ်တဲ့ အချက်အလက် အသေးစိတ်ကို ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013