Home
ရုပ်သံ
ကိုယ်တိုင်ရေးရက်ပ်သီချင်းသီဆိုပြီး KnockOuts Round ကို ဖြတ်ကျော်ခဲ့သည့် ရွှေသွေး(ရုပ်သံ)
DVB
·
November 23, 2020
Untitled-1
မနေ့ညက ကျင်းပတဲ့ The Voice Myanmar Season 3 ရဲ့ KnockOuts Round အဆင့်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ရွှေသွေးက ကိုယ်တိုင်ရေးရက်ပ်သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ကာ နောက်တဆင့် တက်ရောက်သွားခဲ့ပါတယ်။ “အေး… အို” လို့ အမည်ပေးထားတဲ့ သီချင်းနဲ့အတူ ရွှေသွေးက အမိုက်စား အိုးလ် ဒ်စကူးရက်ပ်တွေနဲ့ စည်းချက်ညီညီ အစွမ်းပြယှဉ်ပြိုင်သွားခဲ့တာ ဖြစ်ပါတယ်။ Blind Audition အဆင့်မှာတုန်းကတော့ ရွှေသွေးက အမေရိကန်ဟစ်ဟော့ပ်ရက် ပါအဆိုတော် 2Pac ရဲ့ Dear Mama သီချင်းနဲ့ ထူးထူးခြားခြား ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရန်ရန်ချန်းရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့တာပါ။ အဲဒီနောက် Battle Round အဆင့်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် Error အဖွဲ့နဲ့ အတူ “နှစ်ယောက်တစ်ယောက်” အမည်ရတဲ့ ကိုယ်တိုင်ရေး ရက်ပ်သီချင်းနဲ့ အပြိုင်ကြဲသီဆို ပြိုင်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ဘက်ရဲ့ Battle Round ယှဉ်ပြိုင်မှုအဆုံးမှာတော့ သူတို့ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံး ဖြတ်ရချိန်မှာတော့ ရန်ရန်ချန်းက Error အဖွဲ့ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပြိုင်ပွဲစည်းမျဉ်းတွေအရ Battle Round မှာ ရွေးချယ်မခံရဘဲ ကျန်နေတဲ့ ပြိုင်ပွဲဝင်ကို ကျန်တဲ့ Coach တွေက Steal လုပ်ခွင့်ရှိနေပြီး ရွှေသွေးကို Coach ကျားပေါက်က ရွေးချယ်လိုက်တာမို့ သူတို့ ၂ ယောက်လုံး Battle Round အဆင့်ကို ကျော်ဖြတ်ကာ နောက်တဆင့် တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ခုတခါ တတိယအဆင့် KnockOuts Round မှာတော့ Battle Round ကို ဖြတ် ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၄ ယောက်တတွဲစီ သီဆိုယှဉ်ပြိုင်ကြရတာဖြစ်ပြီး သူတို့ထဲက ၂ ယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ခုတပတ်ပြိုင်ပွဲမှာတော့ ကျားပေါက်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ ရွှေသွေးနဲ့အတူ လင်းမြိုင်၊ သီရိနှင်းအိမ်၊ အောင်ကောင်းခန့်တို့က သီချင်းတပုဒ်စီနဲ့ အပြိုင်အစွမ်းပြခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ တယောက်ချင်းစီရဲ့ သီဆိုယှဉ်ပြိုင်မှုအဆုံးမှာတော့ Coach ကျားပေါက်က ရွှေသွေးနဲ့ အောင်ကောင်းခန့်တို့ကို ရွေးချယ်ခဲ့တာမို့ Liveshow အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ လင်းမြိုင်နဲ့ သီရိနှင်းအိမ်တို့ကတော့ ဒီအဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013