Home
ရုပ်သံ
သာဒီးလူ၏ “တရားခွင်”သီချင်းဖြင့် KnockOuts Round ကို ဖြတ်ကျော်ခဲ့သည့် မိုးသား (ရုပ်သံ)
DVB
·
November 23, 2020
Untitled-1
       “ဒုစရိုက်သမား… မမြင်ကွယ်ရာအမှောင်မှာ… ရမ်းကားကာ… ကိုယ်ထင်ရာကိုယ် လုပ်နေခဲ့ပြီးမှ… စိတ်ပျက်ကာ သေမှာကိုတော့ကြောက်သလား… ဘယ်သူမှ မကယ်နိုင်တယ်… ကိုယ့်အကုသိုလ်နဲ့ ကိုယ့်ဟာကိုယ်ခံဟဲ့… အဆုံးအဖြတ်တော့ပေး… အဆုံး အဖြတ်တော့ပေး…တန်ရာတရားသူကြီးငှားလေ… အဆုံးအဖြတ်တော့ပေး… အဆုံးအ ဖြတ်တော့ပေး… တစ်ရာတန်တဲ့ရှေ့နေကြီးငှားလေ… အဆုံးအဖြတ်တော့ပေး… အဆုံး အဖြတ်တော့ပေး… တန်ရာတရားသူကြီးငှားလေ… အဆုံးအဖြတ်တော့ပေး… အဆုံးအ ဖြတ်တော့ပေး… တစ်ရာတန်တဲ့ ရှေ့နေကြီးငှားလေ… ရေရေး… စောက်သုံးမကျတဲ့ ကောင်… M****F**… M****F**”        ဒါကိုကြားလိုက်တာနဲ့ ပရိသတ်တွေက နာမည်ကြီးတေးသံရှင် သာဒီးလူရဲ့ သီချင်း တပုဒ်ဖြစ်တဲ့ “တရားခွင်”သီချင်းထဲက တေးသွားစာသားတွေမှန်း ရင်းနှီးကြပြီး ဖြစ်မှာပါ။        ခုတခါမှာတော့ ဒီသီချင်းကို The Voice Myanmar သီချင်းဆိုပြိုင်ပွဲစင်မြင့်ထက် KnockOuts Round အဆင့် ပြိုင်ပွဲဝင် မိုးသားရဲ့ သီဆိုဟန်နဲ့ ရှုစားနားဆင်ခဲ့ကြရတာ ဖြစ်ပါတယ်။        Blind Audition အဆင့်မှာတုန်းကတော့ မိုးသားက အဆိုတော် R. ဇာနည်ရဲ့ စည်း တဖက်ခြားသီချင်းနဲ့ ပိုင်ပိုင်နိုင်နိုင် ပါဝင်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ရန်ရန်ချန်းရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့တာပါ။ အဲဒီနောက် Battle Round အဆင့်ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် လင်းဝေနဲ့အတူ လေးဖြူရဲ့ နာမည်ကြီးသီချင်းတပုဒ်ဖြစ်တဲ့ “တကိုယ်ရေလွမ်းဆွတ်မှု” သီချင်းနဲ့ အပြိုင်ကြဲသီဆို ပြိုင်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ Battle Round ယှဉ်ပြိုင်မှုအဆုံးမှာတော့ သူတို့ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံးဖြတ်ရချိန်မှာတော့ ရန်ရန်ချန်းက မိုးသားကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ခုတခါ တတိယအဆင့် KnockOuts Round မှာတော့ Battle Round ကို ဖြတ် ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၄ ယောက်တတွဲစီ သီဆိုယှဉ်ပြိုင်ကြရတာဖြစ်ပြီး သူတို့ထဲက ၂ ယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ခုတပတ်ပြိုင်ပွဲမှာတော့ ရန်ရန်ချန်းရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ မိုးသားနဲ့အတူ နော်ဂျာလေး၊ Jen Jeng နဲ့ ဂျပန်ကြီးတို့က သီချင်းတပုဒ်စီနဲ့ အပြိုင်အစွမ်းပြခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ တယောက်ချင်းစီရဲ့ သီဆိုယှဉ်ပြိုင်မှုအဆုံးမှာတော့ Coach ကျားပေါက်က မိုးသားနဲ့ Jen Jeng တို့ကို ရွေးချယ်ခဲ့တာမို့ Liveshow အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ကာ နော်ဂျာလေးနဲ့ ဂျပန်ကြီးတို့ကတော့ ဒီအဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013