Home
အနုပညာ
ချစ်ကောင်း၊ သာဒီးလူနှင့် အိုင်ဒေါအဆိုရှင်များပါဝင်မည့် နှစ်ကူးဂီတဖျော်ဖြေပွဲ အွန်လိုင်းက ကျင်းပမည် 
DVB
·
December 28, 2020
132649824_3647275518686107_8371081727531700428_o
       နာမည်ကြီး အဆိုတော်တွေ ဖြစ်ကြတဲ့ ချစ်ကောင်း၊ သာဒီးလူ၊ Eternal Gosh တို့နဲ့အတူ မြန်မာအိုင်ဒေါအဆိုရှင်တွေအများစုပါဝင်ကြမယ့် နှစ်သစ်ကူးဂီတဖျော်ဖြေပွဲကို လာမယ့် ဒီဇင်ဘာ ၃၁ ရက်မှာ ကျင်းပသွားဖို့ ရှိနေပါတယ်။        ဒီဖျော်ဖြေပွဲကိုတော့ Cherry Oo Watch Gallery ကစီစဉ်ပြီး ည ၈ နာရီက စတင်ကာ အွန်လိုင်းလိုက်ဖ်အနေနဲ့ ကြည့်ရှုနိုင်မှာဖြစ်ကာ Channel 9 ရုပ်သံကတဆင့်လည်း ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။        ဒီပွဲမှာ ချစ်ကောင်း၊ သာဒီးလူ၊ Eternal Gosh တို့နဲ့အတူ ဖြိုးမြတ်အောင်၊ ဘင်ဂျမင်ဆုမ်း၊ မူးလာ၊ ကိုခန့်၊ ဘီလီလမင်းအေး၊ ချမ်းမြေ့မောင်ချို၊ အက်စတာစတဲ့ မြန်မာအိုင်ဒေါ အဆိုရှင်တွေ လည်း ပါဝင်သွားကြမှာ ဖြစ်ပါတယ်။        မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ပြီးခဲ့တဲ့ သင်္ကြန်ပွဲတော်ကစတင်ကာ နောက်ပိုင်းပွဲတော်တွေကို ခမ်းခမ်းနားနား မကျင်းပနိုင်တော့ပဲ အခုလို အွန်လိုင်းလိုက်ဖ်အနေနဲ့ ကျင်းပလာခဲ့ရတာ ဖြစ်ပါတယ်။        ဒီဇင်ဘာ ၂၇ ရက်ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၂၁,၈၈၆ ယောက်နဲ့ သေဆုံးသူ ၂,၆၀၁ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။        ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မြင့်တက်မလာစေဖို့အတွက် အစိုးရကလည်း ပြည်သူတွေ ကို မလိုအပ်ပဲ အပြင်မထွက်ကြဖို့၊ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကို ရှောင်ကြဉ်ကြဖို့နဲ့ မလွှဲမရှောင်သာလို့ အပြင်ထွက်ရတယ်ဆိုရင်လည်း နှာခေါင်းစည်း Mask အကာအကွယ်နဲ့ တကိုယ်ရေ သန့်ရှင်းမှုအပါအဝင် လက်ကို ခဏခဏဆေးကြဖို့ စတာတွေကို အသိပေးနှိုးဆော်မှု တွေကို အချိန်နဲ့ တပြေးညီ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013