Home
အနုပညာ
သာဒီးလူ၊ ဝနနှင့် ရော့ခ်အဆိုတော်များပါဝင်မည့် အွန်လိုင်းဂီတဖျော်ဖြေပွဲကျင်းပမည်
DVB
·
November 4, 2021

အဆိုတော် သာဒီးလူ၊ ဝန၊ ညလင်းထယ်၊ စစ်သူ၊ စိုင်းလေးတို့ ပါဝင်ကြမယ့် NOVEMBER Online Rock Concert လို့ အမည်ပေးထားတဲ့ ဒီဖျော်ဖြေပွဲကိုတော့ လာမယ့် နိုဝင်ဘာ ၂၇ ရက် မှာ ကျင်းပသွားဖို့ ကြေညာထားခဲ့ပြီး လက်မှတ်တစောင်ကို ကျပ် ၅,၀၀၀ နဲ့ ရောင်းချနေပါတယ်။

“မင်္ဂလာပါ။ အားလုံးနေကောင်းကြလိမ့်မယ်လို့ထင်ပါတယ်။ ဖျော်ဖြေမှုတွေနဲ့လည်း အတော်ကို ဝေးကွာနေခဲ့တာကြာခဲ့ပါပြီ။ အဲ့တာကြောင့် အခုကာလမှာ စိတ်ထွက်ပေါက် တစ်ခုအနေနဲ့ရော၊ ကျွန်တော်တို့ကို ခုချိန်ထိမျှော်လင့်နေသေးတဲ့သူတွေအတွက်ရော ဖျော်ဖြေပွဲလေးတစ်ပွဲကို စီစဉ်ထားပါတယ်။”

ပရိသတ်တွေကတော့ နိုင်ငံတဝန်း မတည်ငြိမ်မှုတွေနဲ့ ခုလိုကာလမှာ ကျင်းပတဲ့အပေါ် မဖြစ်သင့်ဘူးလို့ ဝေဖန်မှုတွေ ရှိနေသလို၊ ပြည်သူတရပ်လုံးနဲ့အတူ ရှေ့တန်းတနေရာက နွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ အနုပညာရှင်တွေကိုလည်း ငဲ့ကြည့်လေးစား သင့်တယ်ဆိုတဲ့ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပွဲစီစဉ်တဲ့ KSMT Music Production ဘက်ကတော့ ခုလိုတုံ့ပြန်ပြောဆိုထားတာကို တွေ့ ရပါတယ်။

“ကျေးဇူးတင်ပါတယ်။ လက်မှတ်များကို ကျွန်တော်တို့ Page ရဲ့ Messenger မှာ အချိန်နဲ့ တပြေးညီရောင်းချပေးနေပါတယ်။ ဦးတည်ချက်နဲ့ အဓိကရည်ရွယ်ချက်ကို သေချာစွာ မသိပါပဲ အပြစ်တင်ဝေဖန်ပြောဆို နေကြမယ့်အစားကိုယ်တတ်နိုင်တဲ့ဘက်က  ပါဝင်လိုက် ကြပါလို့ ဖိတ်ခေါ်လိုက်ရပါတယ်။”

လက်ရှိမှာတော့ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း ဓမ္မနဲ့ အဓမ္မအားပြိုင်လွန်ဆွဲမှု ကာလမှာ ပြည်သူတွေနဲ့ တသားတည်း ရပ်တည်ပြီး စစ်အာဏာရှင်စနစ်ကို ခုခံတွန်းလှန် နေကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေလည်း ရှိနေသလို တဘက်မှာလည်း အာ ဏာလုစစ်ကောင်စီအလိုကျ အနုပညာနဲ့ တဖက်လှည့်လုပ်ဆောင်မှုတွေကို နာခံနေကြသူ တွေလည်း တွေ့နေရပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင်ဟာ  စာပေ၊ ရုပ်ရှင်၊ သဘင်၊ ဂီတ အနုပ ညာ ရှင်တွေကို  ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်ညက ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ကုန်းမြင့်သာ ဇေယျာသီရိဗိမ္မာန်မှာ မှာခေါ်ယူတွေ့ဆုံပြီး   ငွေကျပ်သိန်း ၄၀၀၀၊ ဆန် ၁၀၀ အိတ်၊ ဆီ ၅၀၀ ပိဿာနဲ့ ပဲ ၃၀၀ ပိဿာ တို့ ပေးအပ်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ အကယ်ဒမီ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင် တို့ အပါအဝင် ပြည်သူဘက်က ရပ်တည်တဲ့ ထင်ရှားတဲ့ အနုပညာရှင်အများအပြားကို  ဖမ်းဆီးထောင်ချထားပြီး တဖက်မှာ စစ်အုပ်စုနဲ့ နီးစပ်တဲ့ အနုပညာရှင်တွေကို ခေါ်ယူတွေ့ ဆုံ  ငွေကြေးထောက်ပံ့နေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013