Home
ရုပ်သံ
အမ်မီနမ်သီချင်းဖြင့် KnockOuts Round ကို ဖြတ်ကျော်ခဲ့သည့် ပြိုင်ပွဲဝင် တွမ်ပီး (ရုပ်သံ)
DVB
·
November 16, 2020
Untitled-1
မနေ့ညက ကျင်းပတဲ့ The Voice Myanmar Season 3 ရဲ့ KnockOuts Round အဆင့်ပြိုင်ပွဲမှာတော့ ကလေးမြို့သား ပြိုင်ပွဲဝင် တွမ်ပီးက နာမည်ကြီးအဆိုတော် အမ်မီ နမ်ရဲ့ သီချင်းနဲ့ သီဆိုယှဉ်ပြိုင်ကာ နောက်တဆင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။    Lose Yourself အမည်ရတဲ့ ဒီသီချင်းကတော့ အမေရိကန်ရက်ပ်ပါ အဆိုတော် အမ်မီနမ်ကိုယ်တိုင် သရုပ်ဆောင်ပါဝင်ခဲ့တဲ့  ၂၀၀၂ ခုနှစ်ထွက် 8 Mile ရုပ်ရှင်ကားထဲက ဇာတ်ဝင်သီချင်းတပုဒ်ဖြစ်ပြီး တခေတ်တခါက ရေပန်းစားအောင်မြင်ခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ကာ အဲဒီသီချင်းနဲ့ပဲ အော်စကာဆု၊ ဂရမ်မီဆုတွေအပါအဝင် တခြားဆုတွေလည်း ရရှိ ထားခဲ့တာ ဖြစ်ပါတယ်။        ခုတခါမှာတော့ ပြိုင်ပွဲဝင် တွမ်ပီးရဲ့ သီဆိုဟန်နဲ့ ပရိသတ်တွေက The Voice Myanmar Season 3 ပြိုင်ပွဲစင်မြင့်ထက်မှာ ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။        Blind Audition အဆင့်မှာတုန်းကတော့ တွမ်ပီးက ဗြိတိန်ရော့ခ်တေးဂီတအဖွဲ့ တဖွဲ့ဖြစ်တဲ့ Asking Alexandria ရဲ့ “Run Free” သီချင်းနဲ့ အမိုက်စား ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး  Coach ၄ ယောက်စလုံးလှည့်ကြည့်ခဲ့ရသူဖြစ်ကာ သူတို့ထဲက တယောက်ကို ရွေးချယ်ရ ချိန်မှာ သူက ကျားပေါက်ကို ရွေးချယ်ခဲ့တာမို့ Team KP  အဖွဲ့ထဲကို ရောက်ရှိခဲ့တာ ဖြစ် ပါတယ်။        အဲဒီနောက် Battle Round အဆင့် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် ဂျပန်ကြီးနဲ့အတူ အဆိုတော် မျိုးကြီးရဲ့ “အိမ်ကိုပြန်ခဲ့တော့”သီချင်းနဲ့ အပြိုင်ကြဲသီဆိုပြိုင်ပွဲဝင်ခဲ့ကာ နောက် တဆင့် ထပ်မံတက်ရောက်နိုင်ခဲ့တာပါ။ ခုတခါ တတိယအဆင့် KnockOuts Round မှာတော့ Battle Round ကို ဖြတ် ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၄ ယောက်တတွဲစီ သီဆိုယှဉ် ပြိုင်ကြရတာဖြစ်ပြီး သူတို့ထဲက ၂ ယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ခုတပတ်ပြိုင်ပွဲမှာတော့ ကျားပေါက်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ တွမ်ပီးနဲ့အတူ ဘဝ၊ တိုးကြီးနဲ့ ခိုင်သဒ္ဒါစိမ့်တို့က သီချင်းတပုဒ်စီနဲ့ အပြိုင်အစွမ်းပြခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ တယောက်ချင်းစီရဲ့ သီဆိုယှဉ်ပြိုင်မှုအဆုံးမှာတော့ Coach ကျားပေါက်က ဘဝနဲ့ တွမ်ပီးတို့ကို ရွေးချယ်ခဲ့တာမို့ သူတို့ ၂ ယောက်ကတော့ Liveshow အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ တိုးကြီးနဲ့ ခိုင်သဒ္ဒါစိမ့်တို့ကတော့ ဒီအဆင့်ကနေ လက်ပြ နှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013