Home
ရုပ်သံ
KnockOuts Round မှ လက်ပြနှုတ်ဆက်ခဲ့ရသူ နော်ပြည့်စုံအေးကြူ(ရုပ်သံ)
DVB
·
November 16, 2020
Untitled-1
မနေ့ညက ကျင်းပတဲ့ The Voice Myanmar Season 3 ရဲ့ KnockOuts Round အဆင့်ပြိုင်ပွဲမှာတော့ ထူးခြားတဲ့ ပြိုင်ပွဲဝင် မိန်းကလေး နော်ပြည့်စုံအေးကြူက အကောင်းဆုံး သီဆိုယှဉ်ပြိုင်ခဲ့ပေမယ့် ဆက်လက်ရွေးချယ်မခံခဲ့ရပဲ ပြိုင်ပွဲက လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။ နော်ပြည့်စုံအေးကြူဟာ ဒီအဆင့်မှာတော့ နာမည်ကြီး ဆယ်ကျော်သက်အဆိုတော် ဘီလီအိုင်းလစ်ရှ်ရဲ့ Bad Guy သီချင်းကို သူ့ရဲ့ ကိုယ်ပိုင်ဟန်နဲ့ အမိုက်စားသီဆိုအ စွမ်းပြခဲ့တာ ဖြစ်ပါတယ်။ သူဟာ Blind Audition အဆင့်မှာတုန်းက အကြမ်းစားမက်တယ်လ်သီချင်း တပုဒ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး Coach တွေထဲက ၃ ယောက်ကို လှည့်ကြည့်စေနိုင်ခဲ့သူ ဖြစ်ပါ တယ်။ နော်ပြည့်စုံအေးကြူဟာ နာမည်ကြီး အမေရိကန်ဟဲဗီးမက်တယ်လ်တေးဂီတအဖွဲ့ Slipknot ရဲ့ Psychosocial သီချင်းနဲ့ အမိုက်စား ပေါက်ကွဲရော့ခ်ဂီတပုံစံနဲ့ ဖျော်ဖြေခဲ့ တာပါ။ သူ့ရဲ့ သီဆိုယှဉ်ပြိုင်မှုမှာတော့ Coach တွေထဲက R. ဇာနည်၊ ကျားပေါက်နဲ့ နီနီခင် ဇော်တို့က နောက်လှည့်ကြည့်ခဲ့ကြပြီး ချီးကျူးခဲ့ကြကာ နောက်ထပ်သီချင်းတပုဒ်တောင်း ဆိုချိန်မှာတော့ နော်ပြည့်စုံအေးကြူက နာမည်ကြီး အော်လ်တာနေးတစ်ဗ်ရော့ခ်သီချင်း တပုဒ်ဖြစ်တဲ့ Zombie သီချင်းနဲ့ ထပ်မံအစွမ်းပြခဲ့တာပါ။     နောက်ပိုင်း ပြိုင်ပွဲရဲ့ စည်းမျဉ်းအရ လှည်ကြည့်သူ Coach တွေထဲက တယောက် ကို ရွေးချယ်စေချိန်မှာတော့ နော်ပြည့်စုံအေးကြူက R. ဇာနည်ကို ရွေးချယ်ခဲ့တာမို့ Team R. ဇာနည်အဖွဲ့ထဲကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။        အဲဒီနောက် Battle Round အဆင့် ပြိုင်ပွဲမှာတော့ ပြိုင်ပွဲဝင် Janus နဲ့ နော်ပြည့် စုံအေးကြူတို့က နာမည်ကြီးအမေရိကန်ရော့ခ်တေးဂီတအဖွဲ့ Evanescence ရဲ့ “Bring Me to Life” သီချင်းနဲ့ ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။        ယှဉ်ပြိုင်မှု အဆုံးမှာတော့ သူတို့ ၂ ယောက်ထဲက တယောက်ကို နောက်တဆင့် ဆက်ခေါ်သွားဖို့ ဆုံးဖြတ်ရချိန်မှာတော့ R. ဇာနည်က Janus ကို ရွေးချယ်ခဲ့ပြီး  နော်ပြည့် စုံအေးကြူကို Coach နီနီခင်ဇော်က Steal လုပ်ကာ ရွေးချယ်လိုက်တာမို့ သူတို့ ၂ ယောက်လုံး Battle Round အဆင့်ကို ကျော်ဖြတ်ကာ နောက်တဆင့် တက်ရောက် သွား နိုင်ခဲ့တာ ဖြစ်ပါတယ်။ ခုတခါ တတိယအဆင့် KnockOuts Round မှာတော့ Battle Round ကို ဖြတ် ကျော်နိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေထဲက သက်ဆိုင်ရာ Coach တွေရဲ့ Team တွေအလိုက် ၄ ယောက်တတွဲစီ သီဆိုယှဉ် ပြိုင်ကြရတာဖြစ်ပြီး သူတို့ထဲက ၂ ယောက်ကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ ခုတပတ်ပြိုင်ပွဲမှာတော့ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက ပြိုင်ပွဲဝင်တွေ ဖြစ်ကြတဲ့ နော် ပြည့်စုံအေးကြူနဲ့အတူ ခင်ရတနာစိုး၊ ပန်၊ စောကျော်သူရမင်းတို့က သီချင်းတပုဒ်စီနဲ့ အ ပြိုင်အစွမ်းပြခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ တယောက်ချင်းစီရဲ့ သီဆိုယှဉ်ပြိုင်မှုအဆုံးမှာတော့ Coach နီနီခင်ဇော်က ပန်နဲ့ ခင်ရတနာစိုးတို့ကို ရွေးချယ်ခဲ့တာမို့ သူတို့ ၂ ယောက်ကတော့ Liveshow အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ကာ နော်ပြည့်စုံအေးကြူနဲ့ စောကျော်သူရမင်းတို့ကတော့ ဒီအဆင့်ကနေ လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013