Home
မြန်မာသတင်း
ဘူးသီးတောင်မြို့တွင် ကိုဗစ်-၁၉ လူနာ ၇ အထိထပ်တိုး
DVB
·
September 23, 2020
120017380_378211936534539_4584963844923134344_o
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့မှာ ထွေအုပ်ဝန်ထမ်း ၂ ဦး INGO ဝန်ထမ်း ၁ ဦးအပါအဝင် ကိုဗစ်-၁၉ ပိုးတွေ့ လူနာသစ် ၇ အထိထပ်တိုးလာတယ်လို့  သိရှိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာ ၂၁ ရက် ည ၈ နာရီ ထုတ်ပြန်တဲ့ လူနာသစ် ၁၈၅ ဦး စာရင်းထဲမှ ၆ ဦး ပါဝင်ပြီး စက်တင်ဘာ ၂၂ ရက် ည ၈ နာရီ ထုတ်ပြန်တဲ့ လူနာသစ် ၂၇၃ ဦးမှာ  ၁ ဦး စုစုပေါင်း ၇ ဦးထပ်တိုးလာတာပါ။ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က " ထွေအုပ်ဝန်ထမ်း နှစ် ဦးနဲ့ မိသားစုဝင် တစ်ဦးပါတယ်။ နောက်ပြီး ACE အဖွဲ့က INGO ဝန်ထမ်း တစ်ဦး နဲ့ နန်ရာကုန်းကျေးရွာက အရပ်သား တစ်ဦး၊  သံခြေ ကျေးရွာက တစ်ဦးနဲ့ ကကျဖက်ကံပြင်ကျေးရွာက ယခင် ပိုးတွေ့လူနာအမှတ် ၁၄၇၁ နဲ့ ထိတွေသူ မိသားစု တစ် ဦးပါကြတယ်။"လို့  ပြောပါတယ်။ စက်တင်ဘာလ ၁၃ ရက်က လည်း ဘူးသီးတောင်မြို့မှ နယ်စည်းမခြားဆရာဝန်များအဖွဲ့ဝင် ဝန်ထမ်း ၁ ဦးနဲ့  မိသားစုဝင် ၆ ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ပါသေးတယ်။ လက်ရှိ ဘူးသီးတောင်မြို့မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ ၂၇ ဦးရှိပြီး ဒီအထဲက ဆေးရုံမှဆင်းခွင့်ရသူ ၈ ဦးရှိပြီး ၁၉ ဦးကျန်ရှိပါတယ်။ စက်တင်ဘာလ ၂၃ ရက် ဒီနေ့  ညနေပိုင်းမှာ  ၄ ဦးဆေးရုံမှ ဆင်းခွင့်ရမှာဖြစ်တယ်လို့  ဘူးသီးတောင်မြို့ကျန်းမာရေးဌာနက သိရပါတယ်။ သတင်း - လင်းလက်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013