Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကြောင့် မူဆယ်တွင် ကျားဖြူပါတီ မဲဆွယ်စည်းရုံးရေး ယာယီရပ်ဆိုင်း
DVB
·
September 21, 2020
119679299_625965174770895_8570243805624219163_n
ရှမ်းပြည်နယ် (မြောက်ပိုင်း)မူဆယ်မြို့မှာ ကျားဖြူပါတီလို့ လူသိများတဲ့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေနဲ့ ကိုဗစ်-၁၉ ရောဂါ  အခြေအနေကြောင့်  မဲဆွယ်စည်းရုံးဟောပြောမှုတွေ ယာယီရပ်ဆိုင်းထားတယ်လို့ မူဆယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးစိုင်းအောင်မြင့်က ပြောပါတယ်။  မူဆယ်ခရိုင် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားတဲ့ မဲဆွယ်စည်းရုံးဟောပြောမှု အစီအစဉ်တွေကို စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ  ယာယီရပ်ဆိုင်းထားပြီး စက်တင်ဘာ  ၂၃နေ့ ပြန်လည်စတင်မယ်လို့လည်း  ပြောပါတယ်။ အခုလို ရပ်ဆိုင်းရတာဟာ  တရုတ်နိုင်ငံ  ရွှေလီမြို့က ကိုဗစ်-၁၉ ပိုးတွေ့လူနာနဲ့ ထိတွေ့မိသူတွေရှိနေတာ၊  မူဆယ်မှာ lockdown ချခံရတဲ့ လမ်းတွေနဲ့ အိမ်တွေများနေတာနဲ့ မဲဆွယ်ရာမှာ တခြား လူမျိုးအခြေပြုပါတီတွေနဲ့ ထိပ်တိုက်မတွေ့လိုတာကြောင့်လည်းပါတယ်လို့ သိရပါတယ်။ မူဆယ်မြို့နယ်မဲဆန္ဒနယ်မှာ ကျားဖြူပါတီ၊ SNLD ပါတီ ၊ အန်အယ်လ်ဒီပါတီ၊   ကြံ့ခိုင်ရေးပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊   ကချင်အမျိုးသားပါတီနဲ့ တအာင်း(ပလောင်) အမျိုးသားပါတီတို့က ကိုယ်စားလှယ် စုစုပေါင်း  ၈ ဦး  ပြည်သူ့လွှတ်တော်အတွက် ယှဉ်ပြိုင်ကြမှာပါ။  ရှမ်းပြည်နယ်မြောက်ပိုင်းတခုလုံးမှာတော့  ရွေးကောက်ပွဲဝင်ကြမယ့် ပါတီပေါင်း ၂၂ ပါတီရှိနေပြီး ကျားဖြူပါတီကတော့ တနိုင်ငံလုံးမှာ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက် ၁၀၈ ဦး ရှိနေပါတယ်။ သတင်း- နန်းစံပယ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013