Home
အနုပညာ
မြန်မာ့ရုပ်ရှင်ရာပြည့် ဂီတဖျော်ဖြေပွဲ မေဆွိ၊ ချောစုခင်၊ နီနီခင်ဇော်နှင့် အနုပညာရှင်များ ပါဝင်ဖျော်ဖြေမည်
DVB
·
September 2, 2020
မြန်မာ့ရုပ်ရှင်ရာပြည့် ဂီတဖျော်ဖြေပွဲ
အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင်ရာပြည့်အထိမ်းအမှတ်အနေနဲ့ ရုပ်ရှင်တေး သီချင်းအပုဒ် ၁၀၀ ကို မြန်မာ့ရုပ်မြင်သံကြားကနေ အပတ်စဉ် ထုတ်လွှင့်ပြသပေးနေပြီး ခုလာမယ့် သီတင်းပတ် ၅ ပတ်မြောက်ပွဲစဉ်မှာတော့ မေဆွိ၊ ၊ ချောစုခင်၊ နီနီခင်ဇော်တို့နဲ့ အတူ တခြားအနုပညာရှင်တွေ ဖျော်ဖြေသွားဖို့ ရှိနေပါတယ်။ ဒီအစီအစဉ်ကိုတော့ အပတ်စဉ် သောကြာနေ့ ၈ နာရီသတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဩဂုတ် ၇ ရက်နေ့ကတော့ ပွဲစဉ် ၁ အဖြစ် မောင်သိန်းဝင်း ၊ R ဇာနည်၊ နေမင်းအိမ်၊ ဟေမာနေဝင်း၊ စိုးပြည့်သဇင်၊ ချစ်စနိုးဦး၊ ခင်ပိုးပန်းချီ၊ မေ့ချစ်သက်နဲ့ မေလသံစဉ်တို့က ဖျော်ဖြေ တင်ဆက်ခဲ့ကြပါတယ်။ ဩဂုတ်လ ၁၄ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၂ မှာတော့ ဂီတမှူးစန္ဒရား ကိုခင်လှ၊ စန္ဒရားတင်ကိုကိုတို့ရဲ့ မြန်မာမှုတေးဂီတအဖွဲ့နဲ့အတူ ထား၊ ချိုပြုံး၊ ရီရီသန့်၊ ခင်ညွန့်ရည်၊ တက္ကသိုလ်လဲ့လဲ့၊ နှင်းရည်သန့်၊ ခင်ပိုးပန်းချီတို့နဲ့ တခြားအဆိုတော်တွေက ဖျော်ဖြေတင် ဆက်ခဲ့ကြတာပါ။ ဩဂုတ်လ ၂၁ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၃ အနေနဲ့ အင်ပါ ယာတေးဂီတအဖွဲ့နဲ့ အတူ နာမည်ကျော် အဆိုတော်တွေဖြစ်ကြတဲ့ ဇော်ဝင်းထွဋ်၊ ရင်ဂို၊ ဝိုင်းစုခိုင်သိန်းတို့ အပြင် တခြားအဆိုတော်တွေဖြစ်ကြတဲ့ စည်သူလွင်၊ အောင်လ၊ ဝေလ၊ မေသက်ထားဆွေ၊ ဂျူဝယ်လ်၊ အေးမြဖြူ တို့က တင်ဆက်ပေးခဲ့ကြတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၄ မှာတော့ မြန်မာသံ အဆိုတော်ကြီးတွေဖြစ်ကြတဲ့ ထား၊ ရီရီသန့်၊ တင်ဦးလေးတို့နဲ့အတူ ခင်စိုးဝင်း၊ စိမ်းလဲ့လဲ့၊ ဝိုင်းလမင်းအောင်၊ မေသက်ထားဆွေစတဲ့ အဆိုတော်ပေါင်းများစွာကသီဆိုဖျော်ဖြေခဲ့ကြ တာပါ။ အခုလာမယ့် စက်တင်ဘာလ ၄ ရက်နေ့ ဖျော်ဖြေပွဲအမှတ်စဉ် ၅ မှာတော့ မေဆွိ၊ ချောစုခင်၊ နီနီခင်ဇော်တို့နဲ့အတူ တခြားအဆိုတော်တွေ ဖြစ်ကြတဲ့ ချမ်းမြေ့မောင်ချို၊ ဇော် ပိုင်၊ ဖိုးကာ၊ ဝေလ၊ အောင်ထက်တို့က အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ ဖျော်ဖြေသွားကြ မှာ ဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်ဟာ အာရှဒေသတွင်း သက်တမ်းအရှည်ကြာဆုံးသော ရုပ်ရှင်လောက တွေထဲက တခုဖြစ်ပြီး လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာတော့ သက်တမ်းနှစ် ၁၀၀ ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာ့ ပထမဦးဆုံးသော ရုပ်ရှင်ကားကတော့ ၁၉၂၀ ခုနှစ်က ဦးထွန်းရှိန် (ဝိုင်အမ်ဘီအေ ခေါင်းဆောင်နဲ့ အမျိုးသားရေးရှေ့နေ)ရဲ့ နာရေးအခမ်းအနားကို သက်ဝင်ပေါ်လွင်အောင် ရိုက်ကူး ထားတဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်ပြီး နောက်ပိုင်းနှစ်တွေမှာတော့ ရုပ်ရှင်ဟာ မြန်မာ့အမျိုးသားရေး နိုးကြားတက်ကြွလာစေဖို့ အဓိကအခန်းကဏ္ဍက ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်မှာ ကျရောက်တဲ့ မြန်မာ့ရုပ်ရှင် ရာပြည့်အခမ်းအနားကတော့ လတ်တလော ကမ္ဘာ့နိုင်ငံတွေအနှံ့ ဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကျင်းပမယ့် ရက်ကို တိတိကျကျ မသိနိုင်သေးဘဲ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013