မြန်အောင်တွင် ရှစ်လေးလုံး နှစ်ပတ်လည်နေ့ အချုပ်သားများကို စားသောက်ကုန်များ လှူဒါန်း
DVB
·
August 9, 2020
၃၂ နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံ နှစ်ပတ်လည်နေ့အဖြစ် ဧရာဝတီတိုင်း မြန်အောင်မြို့ အခြေစိုက် ကြယ်ငါးကောက်သူများအဖွဲ့က အချုပ်သားတွေနဲ့ စည်ပင်က အခြေခံဝန်ထမ်းတွေကို စားသောက်ကုန်တွေ လှူဒါန်းခဲ့ပါတယ်။
မြန်အောင်မြို့က ရဲစခန်းအချုပ်က အချုပ်သားနဲ့ ရဲဝန်ထမ်း ၅၇ ဦး၊ စာည်ပင်ဌာနက အခြေခံဝန်ထမ်း ၂၇ ဦးကို လှူဒါန်းခဲ့တာပါ။
၈၈၈၈ အရေးအခင်းမှာ သေဆုံးအသက်ပေးသွားတဲ့ ရဲဘော်တွေကို မေတ္တာပို့ပြီး ရည်စူးလှူဒါန်းတာလို့ ကြယ်ငါးကောက်သူများအဖွဲ့ တာဝန်ခံ ဦးသောင်းထွဋ်က DVB ကို ပြောပါတယ်။