Home
မြန်မာသတင်း
ရှစ်လေးလုံးအရေးတော်ပုံက ပေးဆပ်ခဲ့သည့် သွေး၊ ချွေးများကို မျိုးဆက်သစ်များ တန်ဖိုးထားရန် တိုက်တွန်း
DVB
·
August 8, 2020
11111111111111111
ရှစ်လေးလုံး အရေးတော်ပုံကနေ တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီအခွင့်အရေးတွေဟာ ကျောင်းသား၊ ပြည်သူတရပ်လုံးရဲ့  သွေး၊ ချွေးတွေ ပေးဆပ်ပြီး  ရယူထားတာကြောင့် ဒါကို လက်ရှိမျိုးဆက်သစ် လူငယ်တွေကို  တန်ဖိုးထားစေချင်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။   ဒီကနေ့ ကျရောက်တဲ့ ၃၂ နှစ်ပြည့်  ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ကျင်းပခဲ့ပြီး ၈၈ အရေးတော်ပုံမှာ ပါဝင်ခဲ့ကြတဲ့သူတွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူတွေ စုပေါင်းပြီး  အလေးပြုတာ နဲ့ လွမ်းသူပန်းစည်းချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။    ရှစ်လေးလုံး အရေးတော်ပုံရဲ့ ယုံကြည်ချက်နဲ့ ရည်မှန်းချက်တွေကို မပျောက်ဆုံးသွားအောင်၊ တန်ဖိုးထားစေဖို့ အခုလို့ အခမ်းအနားတွေ နှစ်စဉ်ကျင်းပတာလို့ ၈၈ အရေးတော်ပုံမှာ ဦးဆောင်ပါဝင်ခဲ့သူ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့  ဦးမင်းဇေယျာက ပြောပါတယ်။ အရင်နှစ်တွေက  ၈၈  အောက်မေ့ဘွယ်အခမ်းအနား ပြုလုပ်တာနဲ့ အမှတ်တရ ကဗျာရွတ်ဆိုတာတွေ ရှိပေမယ့် ဒီနှစ်မှတော့ ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် အခမ်းအနား မပြုလုပ်ခဲ့ဘူးလို့ ပွဲကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။  ရဟန်းရှင်လူ ကျောင်းသားတွေနဲ့ ပြည်သူတရပ်လုံး ပါဝင်လာကြတဲ့  ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုအစက ရှစ်လေးလုံးအရေးတော်ပုံ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားတဦးဖြစ်တဲ့ ဦးခိုင်မောင်ရည် ပြောပါတယ်။ ၈၈ အရေးတော်ပုံ အောက်မေ့ဘွယ်အခမ်းအနားနဲ့ ပတ်သက်ပြီး  ၈၈ ဆိုတာ ဘာလဲဆိုတာ နောက်မျိုးဆက်လူငယ်တွေကို လေ့လာစေချင်တယ်လို့  ၈၈ မျိုးဆက်ကျောင်းသူတဦးဖြစ်တဲ့  ဒေါ်ခင်ခင်ဝင်းက ပြောပါတယ်။   ဒီကနေ့ကျရောက်တဲ့  သြဂုတ် ၈ ရက်နေ့၊ ၃၂ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံမှာ  အသက်ပေးကျဆုံးခဲ့ကြတဲ့ ရဟန်းရှင်လူ ပြည်သူတွေကို ရည်စူးပြီး  ၈၈ မျိုးဆက်ကျောင်းသားတွေက သံဃာတော်တွေကို နေဆွမ်းကပ်လှူတာ နဲ့ အမှတ်တရ သစ်ပင်ပန်းမန် စိုက်ပျိုးတာတွေ  ပြုလုပ်ခဲ့ပါတယ်။  နန့်ခိုင် 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013