Home
မြန်မာသတင်း
ရဲမှူးချုပ်ဇော်မိုးသန်းကို ပြစ်ဒဏ်ချမှတ်ပြီး ရမည်းသင်းထောင် ပို့ဆောင်
DVB
·
July 4, 2020
Crime-news
ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ ပြစ်ဒဏ်ချမှတ်ပြီး  ရမည်းသင်းထောင် ပို့လိုက်ပြီလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်သီဟ DVB ကို အတည်ပြုပြောဆိုပါတယ်။  ရဲရာထူးခန့်ချုပ်ကို ပြစ်ဒဏ်ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပေမယ့် ဒီပြစ်ဒဏ်နဲ့ ပတ်သက်လို့ အတည်မပြုနိုင်သေးကြောင်းနဲ့ လက်ရှိမှာတော့ ရမည်းသင်းထောင်ကို ပို့ဆောင်လိုက်တယ်လို့  ရဲမှူးကြီးကျော်သီဟက ဆိုပါတယ်။ ရဲရာထူးခန့်ချုပ် ရဲမှူးချုပ်ဇော်မိုးသန်းဟာ အမျိုးသမီးရဲတပ်ဖွဲ့ဝင်တွေအပေါ် ရာထူးတိုးပေးမယ်ဆိုပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ စုံစမ်းစစ်ဆေးခံရပြီး ပြစ်ဒဏ်ချမှတ် ခံရတာပါ။  ရဲမှူးချုပ်ဇော်မိုးသန်းဟာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကမှ ရဲလေ့ကျင့်ရေးအရာရှိချုပ် ရာထူးတာဝန်ကနေ ရဲရာထူးခန့်ချုပ် ရာထူးကို ပြောင်းရွှေ့လာခဲ့တာပါ။ ပြည်ထဲရေးဝန်ကြီးအသစ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်လက်ထက်မှာ ရထားရဲတပ်ဖွဲ့က ရဲမှူးချုပ် မိုးသူအောင်ကို ရာထူးက ထုတ်ပယ်ပြီး ထောင်ဒဏ် ၆ လကျခံစေကာ ရဲထောက်ချုပ် ရဲမှူးချုပ်ဇော်ခင်အောင်ကိုလည်း ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013