Home
မြန်မာသတင်း
ရဲမှူးချုပ်နှင့် ရဲမှူးကြီး ၁၄ ဦးကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတာဝန်မှ အနားပေး
DVB
·
February 11, 2024
Police Chiefs retired_11022024

နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး အပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၄ ခုက ရဲမှူးချုပ်နဲ့ ရဲမှူးကြီး ၁၄ ဦးတို့ကို  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး တာဝန်က အနားပေးကာ လူပုဂ္ဂိုလ် ၁၄ ဦးကို ပြောင်းလဲခန့်ထားလိုက်တယ်လို့ စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်ညမှာ  ထုတ်ပြန်ကြေညာပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတွေဖြစ်တဲ့ ရဲမှူးချုပ် မျိုးမင်းထိုက်၊ ရဲမှူးချုပ်တင်ကိုကိုနဲ့ ရဲမှူးကြီးကျော်ထွန်း၊ ရဲမှူးကြီးအောင်မြင့်နိုင်၊ ရဲမှူးကြီးမြင့်ထွန်း၊ ရဲမှူးကြီးကျော်ထွဋ်၊ ရဲမှူးကြီးလင်းထွဋ်၊ ရဲမှူးချုပ်စိန်လွင်၊ ရဲမှူးကြီးမျိုးဆွေ ၊ ရဲမှူးကြီးသက်လွင် ၊ ရဲမှူးကြီးတင်ဇော်ထွန်း၊ ရဲမှူးကြီး မောင်မောင်ဦး၊ ရဲမှူးကြီးဝင်းကျော်နိုင် တို့ကို တာဝန်ကနေ အနားပေးခဲ့ပါတယ်။

နေပြည်တော်ကောင်စီဝင်နဲ့  လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတွေ နေရာမှာ ဦးမင်းဦး၊ ဦးခင်မောင်ထွေး၊ ဦးအောင်မျိုးသန်း၊ ဦးညီညီဇော်၊ ဦးခင်မောင်အေး၊ ဦးအောင်ဇော်လှိုင်၊ ဦးတင့်ဆွေ၊ ဦးအောင်သူဦး၊ ဦးအောင်ဇော်ဦး၊ ဦးတင်စန်းနိုင်၊ ဦးအောင်ကျော်မိုး၊ ဦးကျော်ကျော်စိုး၊ ဦးနေဝင်းအောင်နဲ့  ဦးနေမျိုးအောင် တို့ကို အစားထိုးခန့်အပ်ခဲ့ပါတယ်။

ပြည်ထဲရေးနဲ့နီးစပ်သူတဦးက “လမ်းပန်းဆက်သွယ်ရေးဘက်မှာ ရဲတွေက အချိန်ကုန်နေတော့ လုံခြုံရေးဘက်ကို မလှည့်နိုင်ဖြစ်နေတယ်။ အဲဒါကြောင့် အရပ်ဘက်ကို ပေးလိုက်တာ အခုခန့်လိုက်လိုက်တာ တပ်ဘက်က အငြိမ်းစားတွေများတယ်”လို့ ဒီဗွီဘီ ကို ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီက နေပြည်တော်ကောင်စီဝင် ဦးအောင်ခိုင်ဆွေ နဲ့ ကချင်၊ ကရင်၊ စစ်ကိုင်း၊ တနင်္ဿာရီ၊ ပဲခူး၊ မန္တလေး၊ မွန်၊  ရန်ကုန်၊ ရှမ်းနဲ့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တွေက လူမှုရေးဝန်ကြီး ၁၀ ဦးကိုလည်း ရာထူးကနေ အနားပေးကာ အစာထိုးပြန်လည်ခန့်အပ်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013