Home
မြန်မာသတင်း
ကွန်တိန်နာဘားများ ပါသည့် ကမ်းနားလမ်းညဈေး ဆိုင်ခန်းများ ဇန်နဝါရီ ဖွင့်လှစ်မည်
အာကာ
·
December 29, 2019
Container Night Market
ကွန်တိန်နာဘားတွေ ပါဝင်တဲ့ ကမ်းနားလမ်း ညဈေးက ဆိုင်ခန်းအများစုကို ဇန်နဝါရီလ နောက်ဆုံးပတ်မှာ ဖွင့်လှစ်သွားမယ်လို့ စီမံကိန်းကို အကောင်အထည်ဖော်နေတဲ့ A25 Myanmar Development ကုမ္ပဏီက ပြောပါတယ်။  Yangon Night Market ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ A25 Myanmar Development ကုမ္ပဏီတို့က ကမ်းနားလမ်းတလျှောက် ပန်းဆိုးတန်းလမ်းကနေ ရွှေတိဂုံဘုရား လမ်းအထိ ဖော်ဆောင်နေတာပါ။ လက်ရှိမှာ ဆိုင်ခန်းတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက် ပြီးစီးနေပြီး ၁ လအတွင်း ဆိုင်အများစုကို ဖွင့်လှစ်တော့မယ်လို့ ဆိုပါတယ်။ Yangon Night Market မှာ စားသောက်ဆိုင် ၄ ဆိုင်၊ ကွန်တိန်နာဘား ၈ ဆိုင်၊ စားသောက်ဆိုင်ခန်းငယ် ၉၅ ဆိုင်၊  မြန်မာ့ရိုးရာလက်မှုပညာ အမှတ်တရပစ္စည်း အရောင်းဆိုင် ၃၀ တို့ ပါဝင်ပြီး ကွန်တိန်နာဘားဆိုင်နဲ့ စားသောက်ဆိုင်တို့မှာ အရက်ရောင်းချခွင့်မပြုဘဲ ဘီယာ၊ ကော့တေးပဲ ခွင့်ပြုသွားမယ်လို့သိရပါတယ်။ ကမ်းနားလမ်းညဈေးကို ကျပ် နှစ်ဘီလီယံကျော် အသုံးပြုပြီး A25 Myanmar Development ကုမ္ပဏီက ရာခိုင်နှုန်း ၆၀၊ ရန်ကုန်စည်ပင်က ရာခိုင်နှုန်း ၄၀ အကျိုးအမြတ်ခွဲဝေတဲ့ စနစ်နဲ့ အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013