Home
မြန်မာသတင်း
ပုသိမ်မြို့ ကမ်းနားလမ်းရှိ စစ်ကောင်စီသင်္ကြန်မဏ္ဍပ်နား ဗုံး ၂ လုံး ပေါက်ကွဲ
DVB
·
April 11, 2023
336913285_885026229237762_3982997526386185475_n
336913285_885026229237762_3982997526386185475_n

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ကမ်းနားလမ်းရှိ စစ်ကောင်စီသင်္ကြန်မဏ္ဍပ်နားမှာ  ဧပြီ ၁၁ ရက် ည ၇ နာရီ ၁၅ မိနစ်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗုံးဖောက်ခွဲမှုကို သတိပေးတဲ့အနေနဲ့သာ ဖောက်ခွဲခဲ့တာလို့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“သူတို့က သင်္ကြန်ကိုစည်ကားအောင် လုံခြုံရေး အထပ်ထပ်ချပြီးလုပ်နေတဲ့ နေရာကို သတိပေးတဲ့ အနေနဲ့ဖောက်ခွဲခဲ့တာပါ။” 

ဗုံးပေါက်ကွဲပြီးနောက်ပိုင်း ပြည်သူတွေ ပြေးလွှာနေချိန်မှာ စစ်ကောင်စီတပ်ဘက်က သေနတ်နဲ့ ၁၀ ချက်ထက်မနည်း ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့ ကမ်းနားလမ်းမှာ ဗုံး ၂ ကြိမ်ပေါက်ကွဲတဲ့ အသံကြားရပြီး အပြန်အလှန်ပစ်ခတ်သလိုမျိုး သေနတ်သံတွေလည်း ဆက်တိုက်ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့မှာ ဧပြီ ပထမပတ်ထဲမှာလည်း စစ်ကောင်စီ တပ်သားတွေ ကင်းစောင့်နေတဲ့ မြန်မာ့စီးပွားရေးဘဏ်ရှေ့ ဗုံး ၂ လုံးပေါက်ကွဲခဲ့သေးတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013