Home
မြန်မာသတင်း
ရန်ကုန်-ဒလ တံတားစီမံကိန်းအတွက် ကမ်းနားလမ်းသစ်ကို ၆ ရက်ကြာ ပိတ်မည်
DVB
·
March 15, 2023
Yangon-Dala Bridge Project 1
Yangon-Dala Bridge Project 2
Yangon-Dala Bridge Project 3
Yangon River

ရန်ကုန်နဲ့ ဒလမြို့နယ်ကို ဖြတ်သန်းတံတားထိုးနေတဲ့ ဒလတံတားစီမံကိန်းမှာ သံမဏိရက်မတွေ တပ်ဆင်မှာဖြစ်တဲ့အတွက် ကမ်းနားလမ်းသစ်ရဲ့ ပန်းဆိုးတန်းလမ်းနဲ့ အလုံမြို့နယ် စံပယ်လမ်းထိပ်တို့ကြားက လမ်းပိုင်းတွေကို ၆ ရက်ကြာ ယာယီပိတ်ထားမယ်လို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ (MPA) က ကြေညာထားပါတယ်။

အဆိုပါ ရန်ကုန်-ဒလ တံတားစီမံကိန်းဟာ အရှည်မီတာ ၁,၈၆၈၊ အကျယ် ၂၆ ဒသမ ၅ မီတာရှိ လေးလမ်းသွား တံတားတစင်းဖြစ်ပြီး ၂၀၁၈ခုနှစ် ဒီဇင်လာလက စတင်ခဲ့ကာ တောင်ကိုရီးယားနိုင်ငံရဲ့ EDCF ချေးငွေနဲ့ ဆောက်လုပ်နေတာပါ။

ဆိပ်ကမ်းအဖွဲ့ရဲ့ ကြေညာချက်မှာ တည်ဆောက်ရေးစီမံကိန်းရဲ့ ဆင်ခြေလျှောတံတားတွေ ဖြစ်တဲ့ Ramp A၊ Ramp B တံတားတွေပေါ်မှာ ကမ်းနားလမ်းသစ်ကို ဖြတ်သန်းပြီး သံမဏိရက်မတွေကို တပ်ဆင်ရမှာဖြစ်တာကြောင့် အန္တရာယ်ကင်းရှင်းရေးအတွက် အစိုးရရုံးပိတ်ရက်အတိုင်း ၆ ရက်ကြာ ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။

မတ်လ ၁၈ ရက်၊ ၁၉ ရက်၊ ၂၃ ရက်၊ ၂၅ ရက်၊ ၂၆ ရက်နဲ့ ၂၇ ရက်တို့မှာ ကမ်းနားလမ်းသစ် ဖြတ်သန်းခွင့် ယာယီပိတ်ထားမှာလို့ သိရပြီး ဆိပ်ကမ်းတံတားတွေကိုဝင်မယ့် ကုန်တင်ကားတွေကို ကမ်းနားလမ်းကို အသုံးပြုဖို့ ပြောထားတာ တွေ့ရပါတယ်။

MPA အနေနဲ့ သင်္ကြန်ကာလ နှစ်သစ်ကူးရုံးပိတ်ရက် (ဧပြီ ၉ မှ ၁၇ ရက်) တွေမှာ ကုန်စည်စီးဆင်းမှု ပုံမှန်အတိုင်း လည်ပတ်နိုင်ဖို့ ဆိပ်ကမ်းတံတား၊ ဆိပ်ကမ်းဝန်ဆောင်မှုတွေကို ပိတ်ရက်မရှိ ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013