Home
မြန်မာသတင်း
ရန်ကုန်ရှိ အခြေခံပညာကျောင်း ၁၆ ကျောင်းအတွက် စာကြည့်တိုက်များဖွင့်လှစ် 
ဆုဆုသွယ်
·
July 26, 2019
sar7
sar6
sar5
sar4
sar3
sar2
sar1
sar
ရန်ကုန်တိုင်းအစိုးရရဲ့ပံ့ပိုးမှုနဲ့ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အခြေခံပညာ စာသင်ကျောင်း ၁၆ ကျောင်းက စာကြည့်တိုက်တွေဖွင့်ပွဲကို  ဇူလိုင် ၂၆ ရက်က ရန်ကုန်မြို့ အ.လ. က(၁) ဒဂုံကျောင်းမှာ ကျင်းပပါတယ်။ စာသင်ကျောင်းတွေမှာ ကလေးပျော်စာကြည့်တိုက်တွေ ဖြစ်လာဖို့အတွက် ရည်ရွယ်ချက်နဲ့ စာကြည့်တိုက်တွေကို အခုလို ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ စာကြည့်တိုက်တွေ ဖွင့်လှစ်နိုင်ဖို့အတွက် ရန်ကုန်တိုင်းအစိုးရကနေ စာအုပ်စင်တွေ စာအုပ်တွေနဲ့ စာကြည့်တိုက်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို အဓိကပံ့ပိုးပေးခဲ့တာပါ။ ကျောင်းသား၊ ကျောင်းသူတွေ စာပေဗဟုသုတွေ လေ့လာနိုင်ဖို့အတွက် အခုနောက်ပိုင်းမှာ အခြေခံပညာစာသင်ကျောင်းတွေရဲ့ အချိန်ဇယားတွေမှာ စာကြည့်တိုက်သွားချိန် သီးသန့်ထည့်သွင်း ပေးထားပါတယ်။ စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ မြန်မာစာပေပံ့ပိုးကူညီမှုနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တာဝန်ရှိသူတွေ၊ တိုင်းပညာရေးမှူးရုံးက တာဝန်ရှိသူတွေနဲ့ ကျောင်းသူ ကျောင်သားတွေ တက်ရောက်ကြပါတယ်။ သတင်း၊ ဓာတ်ပုံ-ဆုဆုသွယ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013