Home
မြန်မာသတင်း
ရန်ကုန်တွင် လျှပ်စစ်မီး ယနေ့ အလှည့်ကျ ပြတ်မည် 
DVB
·
July 28, 2019
Electric
ဒီနေ့ တနေကုန် ရန်ကုန်မှာ အလှည့်ကျမီးပြတ်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်ထားပါတယ်။ ရွှေကမ်းလွန်သဘာဓာတ်ငွေ့ဖြန့်ဖြူးတဲ့ SEAGP တောင်သာ Offtake Station မှာ ဓာတ်ငွေ့ယိုစိမ့်နေတာကို ဒီနေ့ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိ ပြုပြင်မှာဖြစ်လို့ ဓာတ်အားထုတ်လုပ်တာ လျော့သွားပြီး ဝန်အားလျှော့မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ရွှေလီစက်အမှတ် ၃၊ မြစ်သာ စက်အမှတ် ၁၊ ၂ တို့ကို အရေးပေါ် ရပ်တန့်ထားတာကြောင့် ဓာတ်အားစနစ်ထဲမှာ ၁၇၉ မဂ္ဂါဝပ်လျော့နည်းနေပြီး ဓာတ်ငွေ့ယိုစိမ့်တာကို ပြုပြင်နေချိန်မှာ ၄၁၀ မဂ္ဂါဝပ်လျော့နည်းနေမှာဖြစ်ပါတယ်။ တခြားရေအားလျှပ်စစ်စက်ရုံတွေကနေ ဆည်ရေရတဲ့အခြေအနေအရ လျှပ်စစ်တိုးထုတ်ပေးမှာ ဖြစ်ပေမယ့် စုစုပေါင်းထုတ်လုပ်တာ လျော့နေလို့ ရန်ကုန်တိုင်းထဲမှာ ၁၂၀ မဂ္ဂါဝပ် ဝန်အား လျှော့မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အများပြည်သူ ရုံးပိတ်ရက်ဖြစ်လို့ စက်မှုဇုန်တွေကို ဦးစားပေးဖြတ်တောက်မှာဖြစ်ပြီး တချို့မြို့နယ်၊ ရပ်ကွက်တွေမှာ ယာယီဓာတ်အားပြတ်တောက်တာဖြစ်မယ်လို့ ဆိုပါတယ်။ လာမယ့် ဇူလိုင် ၃၀ ရက်န့မှာလည်း ဂျိုးဖြူနဲ့ လှော်ကားရေပိုက်ဆက်ကို ပြုပြင်စရာရှိလို့ မနက် ၁၀ နာရီ ကနေ ညနေ ၁၀ နာရီအထိ မြို့နယ် ၂၁ ခုမှာ ရေပြတ်မယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013