Home
မြန်မာသတင်း
နိုင်ငံတကာအဆင့်မီ စာကြည့်တိုက်ပါဝင်သည့် ပညာဒါနသင်တန်းကျောင်း ဖွင့်မည်
DVB
·
June 28, 2019
book
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-မတ္တ္တရာလမ်းမဘေး ကြာနီကန်ရွာအဝင်လမ်းအနီးမှာ နိုင်ငံတကာအဆင့်မီ စာကြည့်တိုက် ပါဝင်တဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာဒါနသင်တန်းကျောင်း ဖွင့်လှစ်ဖို့ရှိနေပါတယ်။ ဒီပညာဒါနကျောင်းကို မြန်မာ့ဆွစ်ကရုဏာဖောင်ဒေးရှင်းလို့ အမည်ပေးထားပြီး စက်ချုပ်ပညာရပ်၊ ကွန်ပျူတာပညာရပ်စတဲ့ ပညာရပ်တွေအပြင် အင်္ဂလိပ်ဘာသာစကား၊ တရုတ်ဘာသာစကား စတဲ့ ဘာသာစကားတွေကိုလည်း အခမဲ့ သင်ကြားပေးမှာပါ။ ဒီကျောင်းကို မကြာခင် စတင်တည်ဆောက်သွားမှာဖြစ်ပြီး လာမယ့်နှစ် နှစ်လယ်ပိုင်း အပြီးတည်ဆောက်သွားမယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။ ဒီကျောင်းနေရာ ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို မင်္ဂလာမြန်မာကျောင်းမှ ဇွန် ၂၇ ရက် မနက်က ကျင်းပခဲ့ပါတယ်။ ပန္နက်ရိုက်မင်္ဂလာအခမ်းအနားမှာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ပညာဒါနကျောင်း အလှူရှင်တွေ တက်ရောက်ခဲ့ပါတယ်။ သော်တာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013