Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြို့နယ် ၄ ခုက စာသင်ကျောင်း ၂၅ ကျောင်း ယာယီပိတ်
DVB
·
July 22, 2019
water
ဧရာဝတီမြစ်ရေမြစ်တက်လာတာကြောင့် ဇူလိုင် ၂၁ ရက်နေ့က မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းထဲ မြို့နယ် ၄ ခုက စာသင်ကျောင်း ၂၅ ကျောင်း ယာယီပိတ်ထားရတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မြင်းဆည် ကျေးရွာပါ ရွာ ၄ ရွာတို့မှာ ရေအနက် ၄ ပေလောက် ဝင်ရောက်တာကြောင့် စာသင်ကျောင်း ၄ ကျောင်း ယာယီပိတ်ထားရပါတယ်။ မန္တလေးတိုင်း တံတားဦးမြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့် တက်မှုကြောင့် ငါးရာပြား ကျေးရွာပါ ရွာ ၂၉ ရွာတို့မှာ ရေအနက် ၃ ပေလောက် ဝင်ရောက်နေပြီး အိမ်ထောင်စု ၁၁၁၈ စု၊ လူဦးရေ ၄၃၆၅ ဦး (ကျား ၂၀၈၁၊ မ ၂၂၈၄) တို့ဟာ ဘုန်းကြီးကျောင်းတွေ၊ ဓမ္မာရုံတွေ၊ ရေလွတ်ရာနေရာအသီးသီး ရွှေ့ပြောင်းနေထိုင်နေကြရပြီး စာသင်ကျောင်း ၁၁ ကျောင်း ယာယီပိတ်ထားရပါတယ်။ ငါန်းဇွန်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဇင်း ကျေးရွာပါ ရွာ ၉ ရွာတို့မှာ ရေအနက် ၄ ပေခန့် ဝင်ရောက်ခဲ့လို့ စာသင်ကျောင်း ၉ ကျောင်း ယာယီပိတ် ထားရပါတယ်။ မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ ဧရာဝတီမြစ်ရေ မြင့်တက်ပြီး အနောက်ဆယ်လံ ကျေးရွာမှာ စာသင်ကျောင်းအတွင်း ရေအနက် ၃ ပေခန့် ဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၁ ကျောင်းအား ယာယီပိတ်ထားရတယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၇ နာရီခွဲတိုင်းတာချက်အရ  ဧရာဝတီမြစ်ရေဟာ သပိတ်ကျင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၄၈၀ ကနေ ၁၄၉၆ စင်တီမီတာ၊ မန္တလေးမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၂၆၀ ကနေ ၁၂၈၅ စင်တီမီတာ၊ စစ်ကိုင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၁၅၀ ကနေ ၁၁၇၃ စင်တီမီတာ၊ မြင်းမူမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၁၅၀ ကနေ ၁၁၅၃ စင်တီမီတာ၊ ဒုဋ္ဌ၀တီဖြစ်ရေကတော့  မြစ်ငယ်မြို့ရဲ့ စိုးရိမ်ရေမှတ် ၈၇၀ ကနေ ၈၉၄ စင်တီမီတာအထိ စိုးရိမ်ရေမှတ်အထက် အသီးသီး ကျော်လွန်နေတယ်လို့ သိရပါတယ်။ နိုင်ငံတဝန်းရေကြီးရေလျှံတာတွေကြောင့် ဇူလိုင်လထဲမှာ လူပေါင်း ၅ သောင်းလောက် ရေဘေးသင့်ခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။ တိုင်းနဲ့ပြည်နယ် ၈ ခုမှာ ရေကြီးခဲ့တာဖြစ်ပြီး  အိမ်ထောင်စုပေါင်း ၁ သောင်းလောက်ဟာ ရေဘေးရှောင်စခန်းတွေကို ပြောင်းရွှေ့ခဲ့ရတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013