Home
မြန်မာသတင်း
စစ်တောင်းမြစ်ရေ မြင့်တက်မှုကြောင့် ဖြူးတွင် စာသင်ကျောင်း ၁၀ ကျောင်း ပိတ်ထားရ
DVB
·
August 31, 2018
Water float Phyu closing schools
Water float Phyu closing schools 01
ပဲခူးတိုင်း ဖြူးမြို့နယ်အတွင်း စစ်တောင်းမြစ်ရေ မြင့်တက်လာတာကြောင့် ကျေးရွားအုပ်စု ၅ အုပ်စုအတွင်းရှိ စာသင်ကျောင်း ၁၀ ကျောင်းပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးဌာနက ပြောပါတယ်။ သြဂုတ် ၃၁ ရက်နေ့အထိ ကျေးရွာအုပ်စု ၅ အုပ်စုအတွင်းရှိ ရွာပေါင်း ၉ ရွာအတွင်း ရေတွေ ဝင်ရောက်နေတာကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတာလို့ဆိုပါတယ်။ "ဆွာတမံ ရေလွှဲကျိုးပြီးကတည်းက ရေက တက်လာတာ။ လက်ရှိတော့ ၁၀ ကျောင်း ပိတ်ထားတယ်။ ကျောင်းတွေထဲအထိ ရေတွေရောက်နေတယ်" လို့  ဖြူးမြို့နယ် ဒု-ပညာရေးမှူး ဦးဇော်လင်းထွန်းက ပြောပါတယ်။ သြဂုတ် ၂၉ ရက်နေ့က ဆွာရေလောင်တမံမှ ရေပိုလွှဲ နံရံ ကျိုးပြီးနာက်ပိုင်း စစ်တောင်းမြစ်ဘေးပတ်ဝန်းကျင်ရှိ ကျေးရွာများအတွင်း ရေဝင်ရောက်လာတာကြောင့် လိုက်လံစစ်ဆေးမှုတွေနဲ့ ဘေးအန္တရာယ် ကာကွယ်ရေးတွေကိုလည်း ဆောင်ရွက်နေတယ်လို့ ဖြူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောပါတယ်။ အခုလက်ရှိ ဖြူးမြို့နယ်အတွင်မှာ ရေဝင်ရောက်နေတဲ့ ကျေးရွာတွေမှာ ရေဘေးကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ရခြင်းမရှိသေးဘူးလို့ သိရပါတယ်။ သတင်း - ကျော်အောင်(ကညွှတ်ကွင်း)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013