Home
မြန်မာသတင်း
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် မိုးညိုတွင် စာသင်ကျောင်းအချို့ ပိတ်ထားရ
မင်းညို
·
July 26, 2019
school6
school5
school3
school2
school1
school
ဧရာဝတီမြစ်ရေ ဆက်တိုက်တက်လာတာကြောင့် မိုးညိုမြို့နယ်မှာ မြစ်နဲ့နီးတဲ့ ကျေးရွာတွေက စာသင်ကျောင်း ၈ ကျောင်း ပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးမှူး ဦးသန်းအောင်က ပြောပါတယ်။ ရေက ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက တဖြည်းဖြည်းနဲ့ တက်လာနေကာ ဒီ ၃ ရက်လောက်မှာ နည်းနည်းအတက်ကြမ်းလာပြီး မိုးညိုမြို့နယ်ထဲက ကျေးရွာ ၄၀ လောက် ရေဝင်နေတယ်လို့ ဆိုပါတယ်။ အင်းတော်တလုပ်ကျေးရွာအုပ်စုက မကျီးကုန်း၊ တော်တလုပ်၊ ထိန်ကုန်း၊ လေးလံကျေးရွာတွေက အိမ်ခြေ ၃၀၀ ကျော်လောက် ရေဝင်နေပြီလို့ အင်းတော်တလုပ် လုပ်ချုပ်ရေးမှူး ဦးအောင်မြင့်လှိုင်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က အခု ရေအမှတ်လောက်မှာ ကျောင်း ၂၀ လောက်ပိတ်ထားလိုက်ရပြီး အခုပုံစံဆိုရင် ဒီနေ့ထဲမှာပဲ ကျောင်းလေးငါးဆယ်ကျောင်းလောက် ထပ်ပိတ်ရနိုင်တယ်လို့ ဆိုပါတယ်။ ပိတ်ထားရတဲ့ ကျောင်းတွေက ဇူလိုင် ၂၅ ရက်နေ့မှာ (မ) ခွဲအောင်မြင်သာယာ၊ (မ) ခွဲ မကျီးကုန်း (၁) နဲ့ မူလွန် ရှစ်ကွက်ကျောင်းတွေ ပိတ်ခဲ့ရပြီး ဇူလိုင် ၂၆ ရက်နေ့မှာတော့ အလက အိုးဖိုကျွန်း၊ အမက စိန်တိုင်၊ အမက အောက်စိန်တိုင်၊ လ ခွဲ ပဒေသာကျွန်း နဲ့ အမက အင်းတော်တလုပ်ကျေးရွာ ကျောင်းတွေ ဖြစ်တယ်လို့ မိုးညိုမြို့နယ်ပညာရေးမှူးရုံးက သိရပါတယ်။ မင်းညို

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013