ပျဉ်းမနားလမ်းလျှောက်သင်္ကြန်မြင်ကွင်း (သတင်းဓာတ်ပုံ)
DVB
·
April 13, 2019
ပျဉ်းမနားလမ်းလျှောက်သင်္ကြန်ဖွင့်ပွဲကို နေပြည်တော်မြို့တော်ဝန် ဒေါက်တာမျိုးအောင်၊ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး၊ လွှတ်တော်ကိုယ်စားတွေနဲ့ မြို့မိမြို့ဖတွေက ဒီကနေ့ အကြိုနေ့မနက်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပါတယ်။
ညနေပိုင်းမှာ နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်ဖွင့်ပွဲပြုလုပ်သွားမှာဖြစ်သလို ထိုက်ချီဒို မဏ္ဍပ်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဝန်ကြီးတွေ ရေကစားကြမှာဖြစ်ပါတယ်။