Home
မြန်မာသတင်း
တိုကျို မြန်မာရွာသင်္ကြန်ပွဲတော် မြန်မာပြည်သား ၄၀၀၀ ကျော်လာရောက်ဆင်နွှဲ
DVB
·
April 15, 2019
thagan
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ  မြန်မာရွာ သင်္ကြန်ပွဲတော်ကို ဧပြီလ ၁၄ ရက်က ကျင်းပရာမှာ ဂျပန်နိုင်ငံတ၀န်းက  မြန်မာနိုင်ငံသားတွေ ၄၀၀၀ လောက် လာရောက်ပါဝင် ပျော်ရွင်စွာ ဆင်နွှဲခဲ့ကြပါတယ်။ တိုကျိုက တာကာဒါနိုဘာဘာမြို့ကို မြန်မာပြည်သားတွေ အများအပြား နေထိုင်ကြလို့ ဂျပန်လူမျိုးတွေကပါ မြန်မာရွာလို့ တင်စားခေါ်ဆိုသုံးစွဲကြပြီး ပွဲတော်လာရောက်သူတွေက မြန်မာပြည် ပြန်ရောက်သလို ခံစားကြရတယ်လို့ ပြောကြပါတယ်။ မြန်မာရိုးရာ သင်္ကြန်အဆိုအက၊ သံချပ်တွေနဲ့ တင်ဆက်ခဲ့သလို မြန်မာနိုင်ငံတွင်း လူမှုထောက်ပံ့ရေးအတွက်လည်း ရိုးရာစားသောက်ဆိုင်တွေဖွင့်လှစ် ရံပုံငွေ ရှာဖွေကြတာလည်း တွေ့ရပါတယ်။ ဧပြီလ ၇ ရက်ကလည်း တိုကျိုမြို့ ဟီဘီယပန်းခြံမှာ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်ကလည်း သင်္ကြန်ပွဲ ကျင်းပခဲ့ပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013