Home
မြန်မာသတင်း
ကချင်ပြည်နယ် မိုးညှင်းမြို့က ပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန် (ဓာတ်ပုံ)
DVB
·
April 14, 2019
mn6
mn5
mn4
mn3
mn2
mn1
mn
mn2
ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ လမ်းလျှောက်သင်္ကြန်ကို ပရဟိတအဖွဲ့ပေါင်းစုံနဲ့ ယိမ်းအကအဖွဲ့တွေနဲ့ ဒီကနေ့ သင်္ကြန်အကျနေ့မှာ  စတင် ဖွင့်လှစ်လိုက်ပါတယ်။ လမ်းလျှောက်သင်္ကြန်ကျင်းပတာနဲ့ ပတ်သက်ပြီး  ပရဟိတအဖွဲ့ဝင် ကိုကျော်ခိုင်က “မိုးညှင်းက လူငယ်တွေဟာ သင်္ကြန်ရောက်ပြီဆို အရမ်းဝေးတဲ့ နမ္မတီးချောင်းသာတို့၊ ဟိုပင်ရေပူစမ်းတို့၊ ဂလိုင်ချောင်းတို့ကို တကူးတကသွားရောက်ကြရတဲ့အခါ ယာဉ်မတော်တဆ ရေနစ်တာတွေ၊  ရန်ဖြစ်တာတွေကြောင့် အသက်ဆုံးတာတွေ တွေ့ရတယ်။ ကိုယ့်မြို့ကိုယ် စည်စည်ကား ကားလေး ပျော်ကြတော့ အန္တရာယ်ကင်းတာပေါ့” လို့ ပြောပါတယ်။ အဆိုပါလမ်းလျှောက်သင်္ကြန်မှာ  မနက်၉နာရီမှ မွန်းလွဲ ၁၂ နာရီအထိ ညနေပိုင်း ၃နာရီမှ ၆နာရီအထိရေဖြန်းပက်တာနဲ့ ဒေသထွက် ရိုးရာစတုဒိသာ မုန့်လက်ဆောင်း၊ ကျောက်ကျော မုန့်လုံးရေပေါ်နဲ့ သစ်သီးဖျော်ရည် တိုက်ကျွေးသွားမယ်လို့ သိရပါတယ်။ လမ်းတလျောက်မှာ စည်းကမ်းတကျ အမှိုက်ပုံးတွေထားရှိကာ ရုပ်ပြောင်ကာတွန်းတွေနဲ့ ဒေသထွက် ခမောက်၊ ခြင်း၊ ဆန်ကော၊ ဆန်ကာ၊ တံမြက်စည်း တွေနဲ့ လှပအောင်ပြင်ဆင်ထားပါတယ်။ ယာဉ်ထိန်းရဲ၊ မီးသတ်၊ ကြက်ခြေနီနဲ့ ပရဟိတအဖွဲ့တွေက ဝန်းရံစောင့်ရှောက်ကြပြီး ပထမဦးဆုံးအကြိမ်လို့ မိုးညှင်းဒေသခံတွေ အထူးလူကြိုက်များ စည်ကားနေတာကို တွေ့ရပါတယ်။ သတင်း/ဓာတ်ပုံ- မုန်းမုန်းမင်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013