မန္တလေးလမ်းလျှောက်သင်္ကြန်က ရွှဲရွှဲစိုကာတွန်းပြပွဲ (ဓာတ်ပုံ)
DVB
·
April 15, 2019
မန္တလေးလမ်းလျှောက်သင်္ကြန်မှာ မန္တလေးကာတွန်းညီအကိုများအဖွဲ့ (MCB)က ဦးစီးပြီး ပထမဆုံးအကြိမ် ကျင်းပတဲ့ ရွှဲရွှဲစိုကာတွန်းပြပွဲမှာ ကာတွန်းအရေအတွက် ၁၀၀ လောက်ကို ခင်းကျင်း ပြသထားပါတယ်။
ကာတွန်းတွေကို မန္တလေးလမ်းလျှောက်သင်္ကြန် ၂၆လမ်းနဲ့ ၇၅လမ်းထောင့်အနီးမှာ ဧပြီ၁၃ရက် ကနေ ၁၆)ရက် အထိ ပြသမှာဖြစ်ပါတယ်။
မန္တလေးမြို့ရဲ့ လမ်းလျှောက်သင်္ကြန်ကို ပျော်ပျော်ရွှင်ရွှင်ရေသဘင်ပွဲဆင်နွှဲရင်း ရေပက်ခံ ထွက်ရင်းနဲ့ ရွှဲရွှဲစို ကာတွန်းတွေကို လာရောက်ကြည့်ရှုခံစားနိုင်စေဖို့ ရည်ရွယ်ပြသတာလို့ ကာတွန်း အောင်မော်က ဒီဗွီဘီကို ပြောပါတယ်။
ရွှဲရွှဲစိုကာတွန်းပြပွဲမှာ ကာတွန်းဆရာ ၁၉ ဦးရဲ့ ကာတွန်း ၉၄ ကား ပြသပြီး ဟာသမြောက်ပြီး ရယ်ရတဲ့ ကာတွန်းတွေ၊ သံချပ်တွေလို ဝေဖန်ထောက်ပြထားတဲ့ ကာတွန်းတွေနဲ့ မန္တလေးသင်္ကြန်နဲ့ ပတ်သက်တဲ့ ကာတွန်းတွေ ကြည့်ရှု ခံစားရမှာ ဖြစ်ပါတယ်။
သတင်း၊ဓာတ်ပုံ- သော်တာ