Home
မြန်မာသတင်း
မန္တလေးတွင် မီးအားမြှင့်စက် အပူလွန်ကဲရာက နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံး
DVB
·
May 23, 2019
home fire4
home fire3
home fire2
home fire1
home fire
မန္တလေးမြို့၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ မီးရထားစက်ခေါင်းရုံ ၊  မီးရထားဝင်းထဲမှာ မေ ၂၃ ရက် မွန်းတည့် ၁၂ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့လို့ နေအိမ် ၁၄ လုံး ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။ မီးရထားဝင်းထဲက အိမ်ရှင် ဒေါ်ဝင်းဝင်းမြင့်ရဲ့ နေအိမ်အတွင်းရှိ မီးအားမြှင့်စက် အပူလွန်ကဲရာက  အနီးရှိထရံကို ကူးစက်ပြီး မီးစတင်လောင်ကျွမ်းခဲ့တာပါ။ မီးလောင်ရာကို မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့က မီးငြိမ်းသတ်ယာဉ် အစီး ၅ဝ၊ ရေသယ်ယာဉ်အစီး ၂၀၊ အုပ်ချုပ်မှုယာဉ် ၃ စီး၊ သန္ဓေ/အရန် ၄၀၀ တို့နဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှာ မီးလုံးဝငြိမ်းသွားပါတယ်။ မီးလောင်မှုကြောင့် သွပ်မိုးထရံကာ နေအိမ် ၁၄ လုံးအပါအ၀င် စုစုပေါင်း ကျပ် ၃၉ သိန်းကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ မန္တလေးခရိုင် မီးသတ်ဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ မီးဘေးဒုက္ခသည် ၇၁ ဦးကို ချမ်းမြသာစည်မြို့နယ် သုစရိယဓမ္မာရုံမှာ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိပါတယ်။ ချမ်းမြသာစည်မြို့နယ်၊ အမှတ် ၁၁ ရဲစခန်းက မီးစတင်လောင်ကျွမ်းခဲ့တဲ့ အိမ်ရှင် ဒေါ်ဝင်းဝင်းမြင့်ကို  ပုဒ်မ(၂၈၅) နဲ့ အမှုဖွင့်အရေးယူထားပါတယ်။ သတင်း -သော်တာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013