Home
မြန်မာသတင်း
မန္တလေး တက္ကသိုလ်အရန်လေ့ကျင့်ရေးတပ်အတွင်း မီးလောင်
Aung Aung Naing
·
July 29, 2019
Mandalay fire
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အမှတ် ၂ တက္ကသိုလ်လေ့ကျင့်ရေးတပ်ဝန်း အတွင်းမှာ ဇူလိုင် ၂၈ ရက်ညက မီးလောင်မှုဖြစ်ပွားပြီး ကျပ်သိန်း ၇၀ ကျော်ဖိုး ပျက်စီးဆုံးရှုံးသွားပါတယ်။ မဟာအောင်မြေမြို့နယ်၊ ဟေမာလာတောင်ရပ်ကွက်၊ ၇၃ လမ်း၊ လမ်း ၄၀ ထောင့်ရှိ အမှတ် ၂ တက္ကသိုလ် အရန်လေ့ကျင့်ရေးတပ်အတွင်းက အိမ်ထောင်သည်ဝန်ထမ်းတွေ နေထိုင်တဲ့ ၁၀ ပေပတ်လည် ၈ ခန်းတွဲ ၂ ထပ်ဆောင်မှာ မီးလောင်ခဲ့တာပါ။ မီးလောင်မှုကြောင့် အဆောင်ရဲ့ အောက်ထပ်မှာ ပျက်စီးဆုံးရှုံးမှု ပမာဏ ကျပ်သိန်း ၄၀ ဖိုး၊ အပေါ်ထပ်မှာတော့ ငွေကျပ် ၂၄ သိန်းဖိုးနဲ့ ပစ္စည်းတန်ဖိုး ၁၀ သိန်း၊ စုစုပေါင်း ၇၄ သိန်းဖိုး မီးလောင်ဆုံးရှုံးခဲ့ပါတယ်။ မီးလောင်ရာကို Level ၃ အဆင့်သတ်မှတ်ပြီး ရာနဲ့ချီတဲ့ မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ကား အစီး ၅၀ လောက်နဲ့ ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။ အဲဒီမီးလောင်မှုနဲ့ ပတ်သက်ပြီး မန္တလေးတိုင်း မီးသတ်တပ်ဖွဲ့အနေနဲ့ အမှုဖွင့် အရေးယူမှာမဟုတ်ဘဲ တပ်တွင်းစစ်တရားရုံးကနေ တရားစွဲ အရေးယူသွားမှာဖြစ်တယ်လို့ တိုင်း​မီးသတ်​ဦးစီးမှူး ညွှန်​ကြား​ရေးမှူး ဦးသန်း​ဇော်​ဦးက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013