Home
ရုပျသံ
ဇော်ဝင်းထွဋ်နှင့် ရော့ခ်စတားများ ပါဝင်မည့် အင်ပါယာနွေနတ်သမီး သင်္ကြန်ပွဲတော်(ရုပ်သံ)
DVB
·
April 12, 2019
z
မကြာခင်မှာ ကျရောက်တော့မယ့် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်မှာ နာမည် ကြီးရော့ခ်အဆိုတော်ကြီး ဇော်ဝင်းထွဋ်ကတော့ အင်ပါယာတေးဂီတအဖွဲ့နဲ့အတူ ရန်ကုန်မှာပဲ ဖျော်ဖြေဖို့ ရှိနေပါတယ်။ သိပ်မကြာခင်ကမှ ထွက်ရှိထားတဲ့ သီချင်းအယ်လ်ဘမ်နာမည်အတိုင်းပဲ နွေနတ် သမီးသင်္ကြန်ပွဲတော်လို့ အမည်ပေးထားတဲ့ ဖျော်ဖြေပွဲမဏ္ဍပ်ကတော့ မင်းဓမ္မလမ်းမှာ ရှိနေမှာ ဖြစ်ပါတယ်။ ဒီပွဲမှာတော့ ဇော်ဝင်းထွဋ်နဲ့အတူ တခြားနာမည်ကြီးအဆိုတော်တွေဖြစ်ကြတဲ့ R. ဇာနည်၊ လင်းလင်း၊ Raymond၊ Fokker၊ ဟန်နေတာ၊ ကာကူး၊ ဟေမာနေ၀င်း၊  သီရိဂျေ မောင်မောင်၊ သျှီစတဲ့ အဆိုတော်တွေက ပါဝင်သီဆိုဖျော်ဖြေသွားကြမှာ ဖြစ်ပါတယ်။ MCC ခန်းမရှေ့နေရာမှာ ကျင်းပမယ့် ဒီပွဲတော်ကိုတော့ ဧပြီလ ၁၃ ရက်နေ့ (သ င်္ကြန်အကြိုနေ့) ညနေ ၃ နာရီမှ စတင်ပြီး ရေကစားမဏ္ဍပ်၊ ဖျော်ဖြေရေး အစီအစဉ်တွေ နဲ့အတူ ဧပြီလ ၁၆ ရက်(သင်္ကြန်အတက်နေ့)ညနေ ၆ နာရီအထိ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013