Home
မြန်မာသတင်း
ရန်ကုန်တိုင်းအတွင်း သင်္ကြန်အကြို alcohol test စစ်ဆေး
DVB
·
March 30, 2019
yangon
ရန်ကုန်တိုင်းဒေသကြီးအတွင်း သင်္ကြန်အကြိုကာလ မှုခင်းကျဆင်းရေး စီမံချက်အနေနဲ့ ယာဉ်မောင်းတွေကို အရက်စမ်းသပ်စစ်ဆေးတာတွေ ပြုလုပ်နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးအနေနဲ့ မတ် ၁၃ ရက်နေ့က စပြီး alcohol test စစ်ဆေးနေတာပါ။ မတ် ၁၃ ရက်နေ့ကနေ  ၂၂ ရက်နေ့ထိ ကားစီးရေ ၂ ထောင်ကျော်ကို ၃၈ ကြိမ်စစ်ဆေးခဲ့ပြီး အမျိုးသားတဦးကို အရေးယူထားပါတယ်။ အခုလို စစ်ဆေးတာတွေကို သင်္ကြန်အကြို ပညာပေးအနေနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။ သင်္ကြန်ကာလမှာတော့ အရက်သောက်စားမောင်းနှင်တဲ့ ယာဉ်မောင်းကို alcohol test တိုင်းတာစစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013