Home
မြန်မာသတင်း
ရေနံ​ချောင်းဒီဂရီ ကောလိပ်​တွင် ​ ​ကျောင်းတွင်းသင်္ကြန်​ပွဲဆင်နွှဲ
DVB
·
February 28, 2019
ft6
ft5
ft4
ft3
ft1
ft
ft2
မ​ကွေးတိုင်း​ဒေသကြီး၊ ​ရေနံ​ချောင်း ဒီဂရီ​ကောလိပ်​မှာ မဟာသင်္ကြန်​အကြို ပွဲ​တော်​အ​နေနဲ့ ​ကျောင်းတွင်း သင်္ကြန်​ပွဲကို ဒီကနေ့ ကျင်းပနေရာမှာ ထောင်နဲ့ချီတဲ့ ကျောင်းသား ကျောင်းသူတွေ  ပျော်ရွှင်စွာ ရေကစားနေကြပါတယ်။ ​ရေနံ​ချောင်း ကောလိပ်​ နောက်ဆုံးနှစ်ကျောင်းသား ကိုစည်​သူမော်​က “သိပ်​မကြာခင်​မှာပဲ စာ​မေးပွဲ​တွေက ​ဖြေရ​တော့မှာဆို​တော့ အခုလို ပွဲလုပ်​ရတာ ​ကျောင်းသား​ကျောင်းသူတွေကို Relax ဖြစ်​​စေပါတယ်​။  အားလုံး​ပေါ့ပါးလန်းဆန်းသွားတယ်​။ အရမ်းလည်း ​ပျော်​စရာ​ကောင်းပါတယ်​။ ရေနံ​ချောင်းက ဒီဂရီ​ကောလိပ်​အဖြစ်​နဲ့ ​နေလာခဲ့တာ နှစ်​​ပေါင်း ၄၀ ​ကျော်​ရှိပြီ တခြားတက္ကသိုလ်​​တွေ တန်းတူ ဒီ​ကျောင်းကြီးကလည်း ကြီးကြီးကျယ်​ကျယ်​ ခမ်းခမ်းနားနား လုပ်​နိုင်​တယ်​ဆိုတာ​လေးကို ပြချင်​တာပါ” လို့​ပြောပါတယ်​။ ရေနံချောင်း ကောလိပ်မှာ ကျောင်းတွင်းသင်္ကြန်​ကျင်းပတာ အခုနှစ်​ဆိုရင်​ နှစ်​ကြိမ်​ ရှိ​နေပြီး ဘာသာရပ်​​ပေါင်းစုံ စတုဒီသာ ရိုးရာမုန့်​တွေ ​ကျွေး​မွေးကာ မနက်ပိုင်းမှာ ဖွင့်​လှစ်​ခဲ့ပြီး ​မွန်းလွဲပိုင်းမှာ ရေ​လောင်းပွဲ ပြုလုပ်​ကြတာပါ။ သင်္ကြန်အကြိုပွဲကို ​ကောလိပ်​ကျောင်းမှာ တက်ရောက်ပညာသင်ယူနေကြတဲ့  အနယ်​နယ်​အရပ်​ရပ်​က ​ကျောင်းသား​ကျောင်းသူ ၂၅၀၀ လောက် ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။ ကိုလင်း(​ချောက်​)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013