Home
သတင်းဓာတ်ပုံ
ကလေးစာပေပွဲတော် မူဆယ်မြို့တွင် ကျင်းပ (ဓာတ်ပုံ)
DVB
·
December 28, 2018
kalay6
kalay5
kalay4
kalay3
kalay2
kalay
kalay1
ရှမ်းပြည်နယ်၊ မူဆယ်မြို့ မူဆယ်မင်္ဂလာ ဗဟိုစီးပွားဇုန်မှာ ကလေးစာပေပွဲတော်ကို ဒီဇင်ဘာ ၂၈ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ၃ ရက်တိုင် ကျင်းပပြုလုပ်နေပါတယ်။ ကလေးစာပေပွဲတော်ကို ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနဲ့ မူဆယ်ခရိုင် စီမံခန့်ခွဲရေးကော်မတီတို့က ကြီးမှူးကျင်းပပြုလုပ်တာပါ။ မူဆယ် ကလေးစာပေပွဲတော်မှာ ကလေးတွေအတွက် ပုံပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်အရောင်းပွဲနဲ့ စာပေစကားဝိုင်းတွေ ပြုလုပ်နေပါတယ်။ ကလေးစာပေပွဲတော်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်နဲ့ အစိုးရအဖွဲ့ဝင်တွေက တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ကလေးငယ်တွေနဲ့ ကလေးမိဘတွေ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူတွေ ရန်ကုန်မှ စာရေးဆရာတွေ၊ ဒေသခံစာပေသမားတွေ အပါအဝင် လူပေါင်း ထောင်နဲ့ချီတက်ရောက်ခဲ့ကြပါတယ်။ သတင်းဓာတ်ပုံ - ko zan

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013