Home
မြန်မာသတင်း
မူဆယ်မြို့နယ်တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ၂ ဦးသေဆုံး ၁၄ ဦး ဒဏ်ရာရ
DVB
·
June 15, 2019
car
ရှမ်းပြည်နယ် မူဆယ်မြို့နယ်မှာ ခရီးသည်ယာဉ်တစီးတိမ်းမှောက်မှုကြောင့် ၂ ဦးသေဆုံးပြီး ၁၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဇွန် ၁၄ ရက်နေ့ မနက်ပိုင်းက မူဆယ်မြို့နယ်၊ အောက်တုံခန်ကျေးရွာ မူဆယ်-လားရှိုး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်(၂၇၈/၁-၂) ကြားမှာ ဇော်မင်းသိန်း နှစ်မောင်းနှင်လာတဲ့ ခရီးသည်တင်ယာဉ်ဟာ အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းရှိ ကြံစိုက်ခင်းအတွင်း တိမ်းမှောက်ခဲ့တာပါ။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်နောက်လိုက် တိုးဝင်းထွန်း (ခ) ဝေယံ အပါအ၀င် အမျိုးသား ၂ ဦး ဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ကျန်သူ ၁၄ ဦး ဖူးရောင်ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့လို့ မူဆယ်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်မောင်း ဇော်မင်းသိန်းအား မူဆယ်မြို့မရဲစခန်းက ယာဉ်(ပ)၃၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၂၇၉ (ပေါ့လျော့မှုကြောင့် လူသေမှု၊ သာမန်နာကျင်စေမှု၊ ယာဉ်မဆင်မခြင်မောင်းနှင်မှု) နဲ့ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013