Home
မြန်မာသတင်း
မူဆယ်တွင် မီးလောင်၊ နေအိမ် ၄ လုံး ဆုံးရှုံး
နန်းမြနဒီ
·
May 16, 2019
Muse fire04
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့၊ စွမ်ဆော်ရပ်ကွက်ထဲမှာ မေလ ၁၅ ရက် မွန်းလွဲပိုင်းက မီးလောင်မှုဖြစ်ပွားပြီး လူနေအိမ် ၄ လုံး ပျက်စီးဆုံးရှုံးသွားပါတယ်။ မီးလောင်တဲ့သတင်း ရရှိပြီးနောက် မီးသတ်ကား ၁၀ စီးနဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ပေမယ့်  နေအိမ် ၄ လုံး မီးထဲပါသွားတယ်လို့ မူဆယ်ခရိုင် မီးသတ်ဌာန ဦးစီးအရာရှိ ဦးလွှမ်းမိုးအောင်က ပြောပါတယ်။ “နေအိမ်က စုစုပေါင်း အိမ်သေးရော အိမ်ကြီးရော လေးလုံးတော့ လောင်သွားတယ်။ သွပ်မိုးထရံကာ မြေစိုက်အိမ်တွေပါ။ အဲဒီအိမ်တွေက အလုပ်သမားတွေ ငှားနေတဲ့ အိမ်ခန်းတွေဆိုတော့ ပစ္စည်းကြီးကြီးမားမားတွေ သိပ်မရှိဘူး။ မီးလောင်မှုကြောင့် ဆုံးရှုံးမှုတွေကို ကျပ် ၁၁ သိန်း ၉ သောင်းလို့ ခန့်မှန်းပါတယ်။” မွန်းလွဲ ၁ နာရီ ၁၅ မိနစ်လောက်မှာ မီးစလောင်တာဖြစ်ပြီး မွန်းလွဲ ၁ နာရီ ၅၅ မှာ မီးညွန့်ကျိုးသွားကာ ညနေ ၂ နာရီမှာ လုံးဝမီးငြိမ်းသွားခဲ့တယ်လို့ မူဆယ်မီးသတ်ဌာနက ပြောပါတယ်။ မီးစလောင်တဲ့ နေအိမ်မှာ နေထိုင်တဲ့သူက လျှပ်စစ်ရေနွေးအိုး တည်ထားခဲ့ပြီး အဝတ်သွားလျှော်နေစဉ် လျှပ်စစ်မီး အပူလွန်ကဲရာက မီးလောင်ကျွမ်းတာလို့ ဆိုပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိဘဲ မီးစတင်လောင်ကျွမ်းခဲ့တဲ့ နေအိမ်ပိုင်ရှင်ကို အမှုဖွင့် အရေးယူသွားဖို့ ရဲစခန်းက စီစဉ်ဆောင်ရွက်နေပါတယ်။ ဓာတ်ပုံ - Jai Font Tai

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013