Home
ရုပျသံ
နန်းဖာလုံဈေး ဒီဇင်ဘာအတွင်း အရောင်းအ၀ယ်ကောင်း (ရုပ်သံ)
DVB
·
December 10, 2018
npl7
npl6
npl4
npl3
npl5
မြန်​မာ-အိန္ဒိယနယ်စပ်ရှိ နန်းဖာလုံဈေး ဒီဇင်ဘာလအတွင်း အရောင်းအဝယ်အားကောင်း နေတယ်လို့ နန်းဖာလုံ​ဈေးရောင်းချသူတွေက ပြောပါတယ်​။ နန်းဖာလုံ​ဈေးမှာ ဈေးရောင်းချသူ ဦး​ကျော်​စိုးက “ဒီဇင်​ဘာလက​တော့ ​ဆောင်းရာသီလည်းဖြစ်​ ခရစ္စမက်​ကာလလည်းဖြစ်​ပြီး အဝတ်​အထည်​နဲ့စောင်​ အ​နွေးထည်​ အဝတ်​အစား ဖိနပ်​များ​ရောင်းရမှုပိုများတယ်​။ ဖိနပ်​တန်း​တော့ လူတိုး မ​ပေါက်​ဘူး" လို့​ပြောပါတယ်​။ ဒါ့အပြင့် အိန္ဒိယငွေးကြေးဖြစ်တဲ့ ရူပီးငွေတန်ဖိုးမှာလည်း ကျဆင်းနေရာမှ ပြန်လည် မြင့်တက်လာကြောင်းလည်း သိရတယ်လို့ နန်းဖာလုံ​ဈေး​ရောင်းချသူ ​ဒေါ်နီလာက ပြောပါတယ်။ “ရူပီးငွေဈေးလည်း အရင်​ရက်​ပိုင်းက ၁၀ ရူပီးကို မြန်မာငွေကျပ် ၁၉ဝ အထိ ကျလိုက်​ပြီး အခုရက်​ပိုင်းအတွင်း​ ၁၀ ရူပီးကို မြန်မာငွေကျပ် ၁၂၀ ကျော်​ထိပြန်​တက်​လာလို့ ​ဈေးရောင်းသူ အ​နေနဲ့လည်း ​ရောင်းတွက်​ကိုက်​တယ်​လို့ ပြောပါတယ်။ နန်​ဖာလုံး​ဈေးက ပစ္စည်းအ​ရေအတွက်​ များများ​ရောင်းရမှသာ အမြတ်ရတယ်​ ဆိုင်​တိုင်းကလည်း တရုတ်​ပြည်​ထိ ပစ္စည်း​တွေကို တိုက်​ရိုက်​မှာလို့ ​ဈေးနှုန်းကအရမ်းတင်​လို့ မရဘူး။ အများနည်းတူ အိန္ဒိရူးပီ ၁၀ ​လောက်​သာ အမြတ်​ရလို့ အခုလို အချိန်​​ငွေ​ဈေးတက်​မှအမြတ်​ကျန်​တယ်​။”

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013