နန်းဖာလုံဈေးတွင် အိန္ဒိယမှ လျှပ်စစ်မီး တဆင့်ခံဝယ်သုံးနေရ၍ အခက်အခဲကြုံတွေ့
DVB
·
December 22, 2018
အိန္ဒိယ-မြန်မာ နယ်စပ်ဈေးဖြစ်တဲ့ နန်းဖာလုံဈေးကြီးမှာ လျှပ်စစ်မီးကို အိန္ဒိယနိုင်ငံကနေ တဆင့်ခံဝယ်ယူသုံးစွဲနေရလို့ ဈေးသူသားတွေ အခက်အခဲ ကြုံနေရပါတယ်။
အရင်က နန်းဖာလုံဈေးမှာ ဈေးပိုင်မီစက်ကြီးနဲ့ သုံးစွဲချိန်မှာ ဈေးကော်မတီရန်ပုံငွေ အမြတ်ရပြီး ဈေးအတွင်းအကြိုးပြုလုပ်ငန်းတွေကို ထောက်ပံ့နိုင်ခဲ့ပေမယ့် အခု အိန္ဒိယက ပေးတဲ့ မီးကို မီးလင်းရေးကောမတီမှတဆင့် ဝယ်ယူအသုံးပြုနေရလို့ အခက်အခဲ ကြုံနေကြရတာပါ။
အခုလို ၀ယ်သုံးနေရတာကြောင့် ဈေးကော်မတီရန်ပုံငွေထဲမှ ၁ လ ၉ သိန်းနီးပါး စိုက်ထုတ်နေရပြီး ဈေးအတွင်း အကျိုးပြုလုပ်ငန်းတွေ လုပ်နိုင်တော့မှာမဟုတ်ဘဲ မီးပါဖြတ်သောက်မယ့် အခြေအနေဖြစ်နေတယ်လို့ နန်းဖာလုံဈေးဥက္ကဋ္ဌ ဦးခင်မောင်ချိုက ပြောပါတယ်။
“မီတာဈေးတက်ဖို့မရှိပါဘူး။ အိန္ဒိယက တယူနှစ် 6.40 Rs နဲ့ ဝယ်ယူပြီး မြို့တွင်းမှာ ၁ ယူနှစ်ကို မြန်ငွေကျပ် ၂၀၀ နဲ့ ရောင်းချပြီး နန်းဖာလုံဈေမှာတော့ ၂၄၀ နဲ့ ရောင်းချထားပါတယ်။ ဈေးအတွင်း မီတာအလေအလွင့်များရှိနေပြီး မိမိတို့ဘက်မှ အခုထက်တိုးတောင်းယူခြင်းမရှိဘူး” လို့ မီးလင်းရေကောမတီဥက္ကဋ္ဌ ဦးသာခင်က ပြောပါတယ်။
လွှတ်တော်ကိုစားလှယ် ဦးမြင့်နိုင်ဦးက မီတာအလေအလွင့် မရှိစေဖို့ တမူးမြို့ လျှပ်စစ်အင်ဂျင်နီယာတွေနဲ့ တိုင်ပင်ပြီး ဈေးအတွင်း သွားရောက်စစ်ဆေးမယ်လို့ ပြောပါတယ်။