Home
မြန်မာသတင်း
မီးလောင်ခဲ့သည့် နန်းဖာလုံဈေး ခရေရုံတန်း အမြန်ဆုံးတည်ဆောက်ပေးရန် တောင်းဆို
DVB
·
June 23, 2018
nanfarlone
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင်ရှိ နန်းဖာလုံဈေးကြီးရဲ့ ခရေရုံတန်း မီးလောင်ခံခဲ့ရတာ လေးလကျော်လာပြီ ဖြစ်ပေမယ့်အခုအချိန်အထိ ပြန်လည်တည်ဆောက်ဖို့ မပြင်ဆင်ရသေးတာကြောင့် နစ်နာနေရတယ်လို့ ဈေးသူဈေးသားတွေက ပြောပါတယ်။ ''လေးလကျော်နေပြီ။ ယနေ့ထိမဆောက်ပေးသေးဘူး။ ဈေးသူဈေးသားတွေ အများကြီး နစ်နာနေတယ်။ ပထမတုန်းက လွှတ်တော်တို့ ဘာတို့ သွားပြောလည်း အဆင်မပြေဘူး။ ဒါကြောင့် အသနားခံစာကို ဝန်ကြီးချုပ်ဆီထပ်ပို့တယ်၊ ဒါလည်းအဆင်မပြေဘူး” လို့ ခရေရုံတန်းဈေးသည်တဦးဖြစ်တဲ့ ဦးကျော်စိုးက ပြောပါတယ်။ အဲဒီနန်းဖာလုံဈေးကြီး မီးလောင်ပြင်ကို စစ်​ကိုင်းတိုင်းးဝန်​ကြီးချုပ်​ကိုယ်​တိုင်​လည်း မီး​လောင်​ပြီး​နောက်​တရက်​ လာ​ရောက်​ကြည့်ရှုပြီး အမြန်​​ပြန်လည်ဆောက်​လုပ်​​ပေးမယ်​လို့ ပြောကြားခဲ့ပေမယ့် အခုထိ မတည်ဆောက်ပေးသေးဘူးလို့ ခရေရုံတန်းမှ ဦးခင်မောင်ချိုက ပြောပါတယ်။ ''နှစ်လပိုင်း ၇ ရက်နေ့က မီးစလောင်တာ ခုဆို လေးလကျော်ပြီ။ ဘယ်နေ့ဆောက်မယ်ဆိုတာ ကျနော်တို့ မသိရသေးဘူး။ ကျနော်တို့ အမြန်ဆုံးတည်ဆောက်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးတွင်းကာလရောက်တဲ့အခါ ရောင်းရချရတာ အဆင်မပြေဘူး။ မိုးစိုတော့ နေရာအခက်အခဲတွေလည်းရှိတယ်။ ဝန်ကြီးချူပ်က မီးလောင်ပြီးနောက်တနေ့ လာကြည့်ပြီး အမြန်ဆုံးတည်ဆောက်ပေးမယ်ပြောပြီး လေးလကျော်ပြီ ခုထိ တစွန်းတစမကြားရသေးဘူး။'' တမူးခရိုင်ရှိ နန်းဖာလုံဈေးကြီးရှိ ခရေရုံဟာ အခုနှစ် ဖေဖော်ဝါရီ ၉ ရက်က မီလောင်ကျွမ်းခံခဲ့ရပြီး ဆိုင်ခန်း ၅၃ ခန်း ဆုံးရှုံးခဲ့တာဖြစ်ပါတယ်။ သတင်း-ဂေါင်ဂေါင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013