Home
မြန်မာသတင်း
မီးလောင် နန်းဖာလုံဈေးဆိုင်ခန်းပိုင်ရှင်များ ပျံကျဈေးနေရာတွင် ကားထိုးပြီး ရောင်းနေ
DVB
·
February 11, 2018
nfl
တမူးမြို့၊ နန်းဖာလုံဈေး၊ မီးလောင်ခဲ့ပြီးနောက်ပိုင်းမှာ မီးလောင်ခံရတဲ့ဆိုင်ရှင်တွေဟာ ဈေးအနီးရှိ ပျံကျဈေးနေရာမှာ ကားတွေထိုးပြီး ဖြစ်သလိုပြန်လည်ရောင်းဝယ်နေကြပါတယ်။ ဒါပေမယ့် ဈေးဝယ်သူတွေအနည်းငယ်သာရှိပြီး အိန္ဒိယဘက်က ဈေးဝယ်သူတွေလည်း လျော့နည်းသွားပါတယ်။ တမူးမြို့စည်ပင်သာယာ ကတော့ ဈေးဟောင်းရဲ့ စက်ဘီးနဲ့ ဆိုင်ကယ်တွေ အပ်တဲ့ကွင်းပြင်မှာ ယာယီဈေးဆောက်ပြီး အခုလ ၁၅ ရက်နေ့မှာ ဈေးပြန်ဖွင့်မယ်လို့ ပြောပါတယ်။ နန်းဖာလုံဈေးကိုတော့ ၂ ထပ်ဈေးသစ်ကြီး ပြန်ဆောက်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ လက်ရှိဆိုင်ခန်းတွေနဲ့ မီးလောင်ခံရတဲ့ ဆိုင်ခန်းပိုင်ရှင်တွေကိုလည်း ပြန်လည်ချထားပေးသွားမယ်ဆိုတာကြောင့် ဈေးကိုအမြန်ဆုံးပြန်ဆောက်ပေးစေချင်ကြပါတယ်။ အရင်က ဈေးပတ်လည်မှာ ပျံကျတဲတွေ ရှိနေခဲ့ပြီး အဲဒီတဲတွေပိတ်နေတာကြောင့် မီးသတ်ရာမှာ ခက်ခဲခဲ့တယ်လို့ ဈေးကော်မတီ ဥက္ကဋ္ဌကပြောပါတယ်။ အဲဒါကြောင့် ဈေးသစ်ပြန်ဆောက်ပြီးရင် ပျံကျတဲတွေကို ဖျက်သိမ်းပေးဖို့ ဆိုင်ခန်းပိုင်ရှင်တွေက လိုလားနေကြပါတယ်။ နန်းဖာလုံဈေးမီးလောင်မှုကို စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်နဲ့ တာဝန်ရှိသူတွေဟာ အခုလ ၉ ရက်နေ့က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ယာယီဈေးဆောက်လုပ်မယ့် မြေနေရာကိုလည်း ကြည့်ရှုလမ်းညွှန်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013