Home
မြန်မာသတင်း
မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်၊ ကယ်ဆယ်ရေးစခန်းဖွင့်ရန် ပြင်ဆင်
DVB
·
July 23, 2018
MaDauk Worried water level 1
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေဟာ စိုးရိမ်ရေမှတ် အထက်ကျော်လွန်လာတာကြောင့် ရေဘေးအန္တရာယ်နဲ့  ကြုံလာခဲ့ရင် ကယ်ဆယ်ရေးစခန်းတွေ ဖွင့်နိုင်ဖို့ ကြိုတင်ပြင်ဆင်နေပါတယ်။ မဒေါက်မြို့အုပ်ချုပ်ရေးမှူး ဦးနေဇာမျိုးက “ရေဘေးအန္တရာယ် ကြုံတွေ့လာပါက ကယ်ဆယ်ရေးစခန်းတွေ ဖွင့်နိုင်ဖို့ ဌာနဆိုင်ရာပေါင်းစုံနဲ့ မြို့မိမြို့ဖတွေ စိုးရိမ်ရေမှတ် မကျော်လွန်ခင်ကတည်းက ကယ်ဆယ်ရေးစခန်းတွေ ဖွင့်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး မဒေါက်မြို့ စစ်တောင်းမြစ်ရေရဲ့ စိုးရိမ်ရေမှတ် ၁၂၀၀ ရောက်မှသာ ကယ်ဆယ်ရေးစခန်းတွေ ဖွင့်သွားမယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ ရေဘေးကယ်ဆယ်ရေး စခန်းဖွင့်နိုင်ဖို့ အင်းချောင်ဘုန်းကြီးကျောင်း၊ တိုင်တရာ ဘုန်းကြီးကျောင်း၊ တံခွန်တိုင်ဘုန်းကြီးကျောင်းတွေမှာ စီစဉ်ထားပြီး အရေးပ်ါကယ်ဆယ်နိုင်ဖို့ စက်လှေနှစ်စီးလည်း ပြင်ဆင်ထားသလို ကယ်ဆယ်ရေးစခန်းဖွင့်နိုင်ဖို့ ဒေသရံပုံငွေလည်း အဆင်သင့်ရှိပါတယ်လို့ ပြောပါတယ်။ မဒေါက်မြို့မှာ စစ်တောင်းမြစ်ရေဟာ ဇူလိုင် ၂၃ ရက် မနက် ၉ နာရီနောက်ဆုံး တိုင်းတာချက်အရ အဆိုပါမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာရဲ့အထက်ကို ကျော်လွန်သွားပြီး ၁၀၈၅ စင်တီမီတာထိ ရောက်ရှိနေခဲ့တာဖြစ်ပါတယ်။ လတ်တလော စစ်တောင်းမြစ်ရေဟာ အနိမ့်ပိုင်းမှာရှိတဲ့ ကျေးရွာတချို့က လယ်မြေတွေထဲကို ဝင်ရောက်နေပြီး လယ်ယာမြေစိုက်ဧက ဘယ်လောက် ရေနစ်မြုပ်ပျက်စီးသွားသလဲ ဆိုတာကတော့ မသိရသေးပါဘူး။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013