Home
မြန်မာသတင်း
မြို့ ၅ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိ
DVB
·
July 20, 2019
rain
မြို့ ၅ မြို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမတ်အထက်ကို ရောက်ရှိနေတယ်လို့ မိုးဇလက ဒီနေ့မနက် ထုတ်ပြန်လိုက်ပါတယ်။ ဧရာဝတီမြစ်ရေဟာ ကသာမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၀၄၀ ကနေ ၁၀၅၁ စင်တီမီတာ၊  သပိတ်ကျင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၄၈၀ ကနေ ၁၅၄၀ စင်တီမီတာ၊ မန္တလေးမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၂၆၀ ကနေ ၁၂၇၂ စင်တီမီတာ၊ စစ်ကိုင်းမြို့ရဲ့ စိုးရိမ်ရေမှတ် ၁၁၅၀ ကနေ ၁၁၅၇ စင်တီမီတာအထိ ကျော်လွန်နေပါတယ်။ ဒုဋ္ဌ၀တီဖြစ်ရေကတော့  မြစ်ငယ်မြို့ရဲ့ စိုးရိမ်ရေမှတ်  ၈၇၀ ကနေ ၈၇၄ စင်တီမီတာအထိ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေတယ်လို့ ဆိုပါတယ်။ မြင်းမူမြို့မှာတော့ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိဖို့ နီးစပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါ မြို့တွေရဲ့ မြစ်ကမ်းအနီး နေထိုင်သူတွေနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေ အထူးသတိပြုကြဖို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်သုံလေအားကောင်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါတယ်။ ဒီနေ့ညနေအထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်း၊ ကချင်နဲ့ မွန်ပြည်နယ်တို့မှာ နေရာအနှံ့အပြား၊ ဧရာဝတီတိုင်းမှာ နေရာစိပ်စိပ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်း၊ ချင်း၊ ရခိုင်နဲ့ ကရင်ပြည်နယ်တို့မှာ နေရာကျဲကျဲ၊ ကျန်တိုင်းဒေသကြီးနဲ့ ပြည်နယ်တို့မှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ မွန်-တနင်္သာရီကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပြီး လှိုင်းအမြင့် ၈ ပေမှ ၁၀ ပေလောက်နဲ့ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ ရခိုင်ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ ၄ ပေမှ ၇ ပေခန့် ရှိနိုင်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013