Home
မြန်မာသတင်း
မြို့ ၅ မြို့၏ မြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်နေ
DVB
·
July 28, 2018
water
မြို့ ၅ မြို့ရဲ့ မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေပြီး မြို့ ၆ မြို့ကတော့ စိုးရိမ်ရေမှတ်ကို ရောက်ရှိဖို့ နီးစပ်နေတယ်လို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိနေတဲ့ မြို့တွေကတော့ တောင်ငူ၊ မဒေါက်၊ ရွှေကျင်၊ ပဲခူးနဲ့ ဘားအံမြို့တို့ဖြစ်ပါတယ်။ စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့ရဲ့ စိုးရိမ်ရေမှတ် ၆ဝဝ ကနေ ၆၁၄ စင်တီမီတာ၊ မဒေါက်မြို့ရဲ့ စိုးရိမ်ရေမှတ် ၁ဝ၇ဝ ကနေ ၁၂၆၄ စင်တီမီတာ၊ ရွှေကျင်မြစ်ရေဟာ ရွှေကျင်မြို့ရဲ့ စိုးရိမ်ရေမှတ် ၇ဝဝ ကနေ ၈၃ဝ စင်တီမီတာ၊ ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ် ၈၈ဝ ကနေ ၉၆၇ စင်တီမီတာ၊ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅ဝ ကနေ ၉ဝ၆ စင်တီမီတာအထိ အသီးသီး ကျော်လွန်နေတာပါ။ စိုးရိမ်ရေမှတ်ကို ရောက်ရှိဖို့ နီးစပ်နေတဲ့ မြို့တွေကတော့ ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်း၊ သာပေါင်း၊ ပုသိမ်နဲ့ မအူပင်မြို့နယ်တို့ ဖြစ်ပါတယ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013