မြန်မာယူ ၂၀ အသင်း ကာတာကို ဂိုးပြတ်ရှုံးနိမ့်
DVB
·
May 21, 2015
ကမ္ဘာ့ဖလား ယူ ၂၀ လူငယ်ဘောလုံးပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေတဲ့ မြန်မာ ယူ ၂၀ အသင်းဟာ ကာတာ ယူ ၂၀ အသင်းနဲ့ မေလ၂၁ ရက်နေ့မွန်းလွဲပိုင်းက သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ခြေစမ်းကစားရာမှာ ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
ပွဲစဉ်မှာ မြန်မာအသင်းကို ကာတာအသင်းက ပွဲစကတည်းက ဖိအားပေးကစားခဲ့ပြီး ပထမပိုင်း မှာတင်ပင်နယ်တီသွင်းဂိုး အပါအဝင် ၃-၀ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တယ်လို့ မြန်မာ ဘောလုံးအဖွဲ့ချုပ်လူမှုကွန်ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။
ဒုတိယပိုင်းမှာ မြန်မာအသင်း လူစားလဲမှု အချို့အား ပြုလုပ်ခဲ့ပြီး ကာတာ အသင်း ဘက်ကိုတန်ပြန်တိုက်စစ်ဆင်ကစားခဲ့ရာမှာ ပွဲချိန် ၇၅ မိနစ်လောက်မှာ အောင်သူကြောင့် ရတဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကို အသင်းခေါင်းဆောင် နန္ဒကျော်က သွင်းယူပြီး ချေပဂိုး ၁ ဂိုး ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒီနောက် ကာတာအသင်းက နောက်ထပ် ပင်နယ်တီ ၁ ဂိုးထပ်ရပြီး ၄-၁ဂိုးနဲ့ မြန်မာ အသင်းကို အနိုင်ရသွားခဲ့တာပါ။
မြန်မာယူ ၂၀ အသင်းဟာ သြစတြေးလျ ခရီးစဉ်အတွင်း ပထမဆုံး ခြေစမ်းပွဲအဖြစ် မဲလ်ဘုန်းစီးတီး လူငယ်အသင်းနဲ့ကစားခဲ့တဲ့ ပွဲစဉ်မှာတော့ တိုက်စစ်မှူး အောင်သူရဲ့ ဟတ်ထ ရစ် သွင်းဂိုးတွေ အပါအဝင် ၇-၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။