
အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်က အမေရိကန်သံရုံး မတ် ၁၆ ရက် ဒီနေ့မနက်က တိုက်ခိုက်ခံခဲ့ရတယ်လို့ အီရတ်နိုင်ငံတွင်းအခြေစိုက် တရုတ်မီဒီယာအဖွဲ့ (CMG) ရဲ့ သတင်းထောက်တယောက်က ပြောပါတယ်။
အမေရိကန်သံရုံးက လေကြောင်းတိုက်ခိုက်မှု အချက်ပေးဥဩသံတွေနဲ့ C-RAM လေကြောင်းကာကွယ်ရေးစနစ်ကို ချက်ချင်းအသက်သွင်းခဲ့ပြီး ဝင်လာတဲ့ ကျည်တစင်းကို ကြားဖြတ် ပစ်ချခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခဲ့တာ ဒရုန်းလား၊ ဒုံးကျည်လား ဆိုတာ သေသေချာချာ မသိရသေးပါဘူး။ CMG သတင်းထောက် ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းထဲမှာ သံရုံးဝင်းနားက ဧရိယာအထက်မှာ မီးခိုးတွေ ထွက်နေတာကို ပြထားပါတယ်။ ဒီတိုက်ခိုက်မှုကို အမေရိကန်ဘက်က ခုအချိန်အထိ မတုံ့ပြန်သေးပါဘူး။
Source: Reuters


