
အစ္စရေးတပ်ဖွဲ့တွေက မိသားစုကို ဘေးလွတ်ရာရွှေ့ဖို့ အမိန့်ပေးပြီးတဲ့နောက် မတ် ၁၄ ရက်မှာ အနောက်ဘက်ကမ်းမှာရှိတဲ့ အိမ်ကို ဖောက်ခွဲခဲ့တယ်လို့ ပါလက်စတိုင်းသတင်းအေဂျင်စီ WAFA က ဖော်ပြပါတယ်။
ဒီအိမ်က ပါလက်စတိုင်းအကျဉ်းသား အာဇ်မီအဘူဟာလှယ်ရဲ့ ဖခင်ပိုင်တဲ့အိမ်လို့ WAFA က ပြောပါတယ်။
အစ္စရေးတပ်တွေက ရပ်ကွက်ကို ဝင်စီးပြီး ၃ ထပ်တိုက်အိမ်ကို မဖောက်ခွဲမီ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့တယ်လို့ ပြောပါတယ်။
အဘူဟာလှယ်ဟာ လွန်ခဲ့တဲ့ တနှစ်လောက်က ဘက်သလီဟမ်အနားမှာ သေနတ်နဲ့ပစ်ခတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ပါလက်စတိုင်း အကျဉ်းသားတယောက်ပါ။
တိုက်ခိုက်သူတွေရဲ့ ဆွေမျိုးတွေနဲ့ သူတို့ရဲ့ ရွာသားတွေပိုင်တဲ့ အိမ်တွေကို ဖြိုဖျက်တာဟာ အနာဂတ်တိုက်ခိုက်မှုတွေအတွက် အဟန့်အတားဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။
ပါလက်စတိုင်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ဒီလုပ်ရပ်ကို နိုင်ငံတကာ ဥပဒေအရ တားမြစ်ထားတဲ့ စုပေါင်းပြစ်ဒဏ်ပေးမှုပုံစံတခုအဖြစ် ယူဆကြပါတယ်။
Source: Reuters


