Home
နိုင်ငံတကာ
ထိုင်းကုန်တင်သင်္ဘော ဟော်မုဇ်ရေလက်ကြား၌ တိုက်ခိုက်ခံရပြီး သင်္ဘောသား ၃ ဦးပျောက်ဆုံး
DVB
·
March 12, 2026
Photo: ROYAL THAI NAVY/Handout via REUTERS

ဟော်မုဇ်ရေလက်ကြားမှာ ဘယ်သူပစ်မှန်း မသိရတဲ့ ဒုံးကျည်တွေ ထိမှန်ခံရတဲ့ ထိုင်းကုန်တင်သင်္ဘောတစင်းကနေ သင်္ဘောသား အယောက် ၂၀ ကို ကယ်တင်နိုင်ခဲ့ပေမဲ့ သင်္ဘောသား ၃ ယောက် ပျောက်ဆုံးနေဆဲလို့ ထိုင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက မတ် ၁၁ ရက်မှာ ပြောပါတယ်။

သင်္ဘောသားတွေက အသက်ကယ်လှေနဲ့ သင်္ဘောကို စွန့်ခွာခဲ့ပြီး အိုမန်ရေတပ်က ကယ်တင်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

သင်္ဘောရဲ့ နောက်ဘက်မှာ ပေါက်ကွဲခဲ့ပြီး ကျန်သင်္ဘောသား ၃ ယောက် အလုပ်လုပ်နေတဲ့ အင်ဂျင်ခန်းမှာ မီးလောင်ခဲ့တယ်လို့ ဝန်ကြီးဌာနက ထပ်ပြောပါတယ်။

ထိုင်းရေတပ်က နိုင်ငံတကာလမ်းကြောင်းတွေကနေတဆင့် အကူအညီပေးနေတယ်လို့ ပြောပါတယ်။

တော်ဝင်ထိုင်းရေတပ်က ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ခဲ့တဲ့ ပုံတွေထဲမှာ ကုန်တင်သင်္ဘောတစင်းဟာ မီးခိုးတွေ ဖုံးလွှမ်းနေပြီး အသက်ကယ်လှေတွေက အနားမှာ မျောနေတာကို မြင်တွေ့ရပါတယ်။ IMO နံပါတ်၊ ကိုယ်ထည်နဲ့ ပုံထဲမှာ တွေ့ရတဲ့ အပေါ်ပိုင်းတည်ဆောက်ပုံတို့အရ ထိုင်းအလံ လွှင့်ထူထားတဲ့ ကုန်တင်သင်္ဘော မာယုရီးနာရီရ်အဖြစ် အတည်ပြုနိုင်ခဲ့ပါတယ်။

မာယုရီးနာရီရ် သင်္ဘောဟာ အိုမန်မြောက်ဘက် ရေမိုင် ၁၁ မိုင်အကွာမှာ ပစ်မှတ်ထားခံရပြီး ပျက်စီးသွားတယ်လို့ ရေကြောင်း လုံခြုံရေးရင်းမြစ် ၂ ခုကလည်း ပြောပါတယ်။

သင်္ဘောခြေရာခံဝက်ဘ်ဆိုက် Marine Traffic ကလည်း အိုမန် မြောက်ဘက်ကမ်းရိုးတန်းက ဟော်မုဇ်ရေလက်ကြားမှာ မတ် ၁၁ ရက်က သင်္ဘောရဲ့ တည်နေရာကို ပြသခဲ့ပြီးတဲ့နောက် ပုံတွေရဲ့ တည်နေရာကို အတည်ပြုခဲ့ပါတယ်။

မတ် ၁၁ ရက်မှာ ဟော်မုဇ်ရေလက်ကြားထဲမှာ ဘယ်သူ ပစ်မှန်း မသိရသေးတဲ့ ကျည်ဆန်တခုကြောင့် ကုန်တင်သင်္ဘောတစင်း ထိခိုက်ခဲ့တယ်လို့ ထိုင်းတော်ဝင်ရေတပ်နဲ့ ယူနိုက်တက်ကင်းဒမ်း ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းတို့က သတင်းပို့ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013