
အီရန်လေယာဉ်တွေ နေ့တိုင်း ဆုံးရှုံးနေတယ်လို့ အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က ပြောပါတယ်။
အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ချက်မှာ လေယာဉ် ၃ စီး ပစ်ခတ် ဖျက်ဆီးခဲ့ပုံတွေကို ပြသခဲ့ပါတယ်။
ရိုက်တာသတင်းဌာနရဲ့ အတည်ပြုချက်အရ တိုက်ခိုက်ခံရတဲ့ လေယာဉ်တွေဟာ C-130 ဟာကျူလက်စ်၊ P-3 အိုရီအွန်၊ အဲယက်ရှင် တူ ၇၆ တို့ ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်တဲ့ ဗွီဒီယိုဖိုင်ဟာ မတ် ၁၁ ရက်အထိ ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုတွေထဲမှာ မပါဝင်တဲ့ ဖိုင်အသစ်ဖြစ်တဲ့အကြောင်းလည်း ဖော်ပြပါတယ်။
အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်ရဲ့ X လူမှုကွန်ရက်မှာ ဖော်ပြထားတဲ့ အီရန်လေယာဉ်တွေကို တိုက်ခိုက်တဲ့ ဗွီဒီယိုဖိုင်တွေမှာ “အီရန်အစိုးရဟာ နေ့တိုင်း လေယာဉ်တွေ ဆုံးရှုံးနေတယ်။ အမေရိကန်တပ်ဖွဲ့တွေက အီရန်ခြိမ်းခြောက်မှုကို ကာကွယ်နေတာမဟုတ်ဘဲ စနစ်တကျ ဖျက်သိမ်းပေးနေတယ်” ဆိုတဲ့ စာသားကိုလည်း ရေးသားထားပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စတင်တိုက်ခိုက်ခဲ့မှုကြောင့် အီရန်မှာ လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့ပါတယ်။
အမေရိကန်ဟာ ပင်လယ်ကွေ့နိုင်ငံတွေမှာ စစ်အခြေစိုက်ခန်းတွေ ထားပြီး တိုက်ခိုက်မှုတွေ ပြုလုပ်တာကြောင့် ဒီပဋိပက္ခထဲမှာ လက်ဘနွန်နိုင်ငံဟာ အမြန်ဆုံးပါဝင်လာတဲ့နိုင်ငံ ဖြစ်တယ်လို့ ရိုက်တာမှာ ဖော်ပြပါတယ်။
Source: Reuters


