
အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) ရဲ့ ဒူဘိုင်းလေဆိပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီး မတ် ၁၆ ရက်မှာ လေကြောင်းခရီးစဉ်တွေ ယာယီရပ်ဆိုင်းသွားပါတယ်။
ဒူဘိုင်းအာဏာပိုင်တွေက နောက်ပိုင်းမှာ လေဆိပ်အနားက ဒရုန်းတိုက်ခိုက်မှုကြောင့် မီးလောင်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒဏ်ရာရသူ မရှိဘူးလို့ သတင်းပို့ခဲ့ပါတယ်။
အီရန်က ဖေဖော်ဝါရီ ၂၈ ရက်မှာ ပင်လယ်ကွေ့နိုင်ငံတွေအပေါ် စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကမ္ဘာ့အလုပ်အများဆုံး နိုင်ငံတကာ ခရီးသွားဗဟိုချက်တခုဖြစ်တဲ့ ဒူဘိုင်းလေဆိပ်မှာ မတ် ၁၆ ရက် ဖြစ်ရပ်ဟာ တတိယအကြိမ်မြောက်ပါ။
အီရန်အစိုးရက ဒေသတွင်းမှာ အမေရိကန်ရှိနေတာကို ရည်ရွယ်ပစ်မှတ်ထားခဲ့တယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters


