Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော်စတင် ကျင်းပပြီး ဦးခင်ရီကို လွှတ်တော် ဥက္ကဋ္ဌ အဖြစ် အတည်ပြု
DVB
·
March 16, 2026
Photo: USDP

၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပထမဆုံးတက်ရောက်တဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို မတ် ၁၆ ရက် ဒီကနေ့ မနက်က နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အဆောက်အအုံမှာကျင်းပပါတယ်။ 

ဒီအစည်းအဝေးမှာ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားတွေအပါအဝင် ၂၀၂၅ ရွေးကောက်ပွဲ အနိုင်ရ လွှတ်ကိုယ်စားလှယ် ၃၇၃ ယောက်တက်ရောက်ခဲ့ကြပါတယ်။ 

အဲဒီလွှတ်တော်မှာ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို တင်မြောက်နိုင်ဖို့ အတွက် တက်ရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေထဲက ဒဂုံမြို့နယ် မဲဆန္ဒနယ်ဒေါက်တာ နန္ဒကျော်စွာကို သဘာပတိအဖြစ် တင်မြောက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာ လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ လည်းဖြစ် ဇေယျာသီရီမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးခင်ရီကိုပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီးဟောင်းလည်းဖြစ် တပ်ကုန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးမောင်မောင်အုန်းကိုလည်း  ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခဲ့ကြပါတယ်။ 

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ဥက္ကဋ္ဌ ဖြစ်လာမယ်ဆိုကို နေပြည်တော်အသိုက်အဝန်းနဲ့ ကြံ့ခိုင်ရေးပါတီအတွင်းမှာ ကြိုတင် သတင်းပျံ့နှံနေပြီးသားဖြစ်လို့ ထူးခြာမှု တစုံတရာမရှိဘူးလို့ နေပြည်တော်သတင်းအရင်းအမြစ်က ပြောပါတယ်။

စစ်ကောင်စီက တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးကို မတ် ၁၇ ရက်မှာ ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုလည်း ကျင်းပဖို့ရှိနေပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဦးအောင်လင်းဒွေးနဲ့ ဒုဥက္ကဋ္ဌ ဦးလှမိုးတို့ကို ခန့်အပ်နိုင်ပြီး သမ္မတ အဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ ဒုသမ္မတ(၁) အဖြစ် ညိုစော၊  ဒုသမ္မတ(၂) ဒေါ်ဒွဲဘူ တို့ကိုလည်း အမည်စာရင်းတင်သွင်းနိုင်တယ်လို့  အတည်မပြုနိုင်သေးတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်နေ ပါတယ်။ 

အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်ပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲလည်း မဟုတ်ဘူးလို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းက ပြောဆိုထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013